Isaiah 30:2
ဖာရော ဘုရင်၏ ဘုန်း ကိုအမှီပြု၍၊ အဲဂုတ္တု အရိပ် ကို ခိုလှုံ ခြင်းငှါ ၊ ငါ့ နှုတ် ထွက်ကို အခွင့် မ ပန်ဘဲ၊ အဲဂုတ္တု ပြည်သို့ ရောက် အောင် သွား ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 28:68ထိုလမ်း ကို နောက် တဖန် သင် မ မြင် ရဟု မိန့် တော်မူသော လမ်းဖြင့် ထာဝရဘုရား သည် တဖန် သင့် ကို အဲဂုတ္တု ပြည်သို့ သင်္ဘော နှင့် ပို့ဆောင် တော်မူသဖြင့်၊ ထို ပြည်တွင် ကျွန် ယောက်ျား၊ ကျွန် မိန်းမဖြစ်စေ ခြင်းငှာရန်သူ တို့၌ ရောင်း ကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှသင့်ကို မ ဝယ် လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြောလေ၏။
Judges 9:15ဆူးလေ ပင်က၊ သင်တို့သည် ငါ့ ကို သင် တို့၏ ရှင်ဘုရင် ဖြစ်စေခြင်းငှါခန့်ထား၍ ဧကန်အမှန် ဘိသိက် ပေးလိုလျှင် ၊ လာ ကြ၊ ငါ့ အရိပ် ကို ခိုလှုံ ကြ။ သို့မဟုတ် ဆူးလေ ပင်ထဲက မီး ထွက် ၍ လေဗနုန် အာရစ် ပင်တို့ကို လောင် လိမ့်မည်ဟု သစ်ပင် တို့အား ပြန်ပြော ၏။
2 Kings 17:4နောက် တဖန်နှစ် တိုင်းဆက်ရသောအခွန် ကို မ ဆက်။ သွာအမည်ရှိသောအဲဂုတ္တု” ရှင်ဘုရင် ထံသို့ သံတမန် ကိုစေလွှတ် ၍ ၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိ ရှင်ဘုရင် သိ သဖြင့် ၊ ဟောရှေ ကိုဘမ်းဆီး ၍ ထောင် ထဲမှာ ချုပ် ထားပြီးလျှင်၊ “
Isaiah 16:3အကြံ ပေး လော့။ တရား သဖြင့် စီရင် လော့။ မွန်းတည့် အလင်းထဲ ၌ ညဉ့် ကဲ့သို့ သင် ၏အရိပ် ကို ဖြစ် စေလော့။ နှင်ထုတ် သောသူတို့ကို ဝှက် ထားလော့။ ပြေး သောသူတို့ ကို မ ပြ နှင့်။
Isaiah 20:5အာဇုတ်မြို့သားတို့သည် ကြောက် ကြလိမ့်မည်။ သူ တို့ ကိုးစား သော ကုရှ ပြည်ကို၎င်း ၊ ဝါကြွား သော အဲဂုတ္တု ပြည်ကို၎င်းရှက် ကြလိမ့်မည်။
Isaiah 36:6ကျိုး သော ကျူလုံး တောင်ဝေး တည်းဟူသောအဲဂုတ္တု ပြည်ကို ကိုးစား ပါသည်တကား။ ထိုကျူလုံးသည် မှီ သောသူ၏ လက် ကိုဖောက် ၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တု မင်းကြီး ဖာရော ဘုရင်သည် မိမိ ၌ မှီ သောသူအပေါင်း တို့ကိုပြု လိမ့်မည်။