Isaiah 30:23
သင် သည် လယ် ၌ကြဲ သော မျိုးစေ့ ဘို့ မိုဃ်း ကို ရွာ စေတော်မူလိမ့်မည်။ မြေ အသီး အနှံမှ ဖြစ်သော မုန့် ကို အလွန်ကြွယ်ဝ စွာ ပေး သနားတော်မူလိမ့်မည်။ ထိုအခါ သင် ၏သိုး နွားတို့သည် ကျယ် သော အရပ် ၌ ကျက်စား ရကြ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 41:26ကောင်း သော နွား ခုနစ် ကောင်တို့သည် ခုနစ် နှစ် ဖြစ်ပါ၏။ ကောင်း သောစပါး ခုနစ် နှံတို့သည်လည်း ခုနစ် နှစ် ဖြစ်ပါ၏။ အိပ်မက် တော်ကား တပါး တည်း ဖြစ်ပါ၏။
Leviticus 25:19မြေ သည်လည်း မိမိ အသီး အနှံကိုပေး သဖြင့် ၊ သင်တို့သည် ဝ စွာစား ၍ ဘေး လွတ်လျက် နေ ရကြ လိမ့်မည်။
Leviticus 26:5စပါးနင်း နယ်သော အမှုသည်၊ စပျစ်သီး ညှစ်ရာ ကာလတိုင်အောင်၎င်း၊ စပျစ်သီး ညှစ်သောအမှုသည်၊ မျိုးစေ့ ကြဲရာ ကာလတိုင်အောင်၎င်း မှီ သဖြင့် ၊ သင်တို့သည် ဝ စွာစား ၍ ၊ ကိုယ် ပြည် ၌ ဘေး လွတ်လျက် နေ ရကြလိမ့်မည်။
Psalms 36:8အိမ် တော်၏ကြွယ်ဝ ခြင်းနှင့် ရောင့်ရဲ လျက် နေ၍ ၊ ကိုယ်တော် ၏ချမ်းသာ မြစ် ရေကို သောက် စေခြင်းငှါအခွင့်ပေးတော်မူ၏။
Psalms 67:7ဘုရား သခင်သည် ငါ တို့ကို ကောင်းကြီး ပေးတော်မူဦးမည်။ မြေကြီး စွန်း အပေါင်း တို့သည်လည်း ၊ ဘုရား သခင်ကို ကြောက်ရွံ့ ကြလိမ့်မည်။
Psalms 107:35တဖန်လွင်ပြင် ကို ရေ နှင့်ပြည့် စေခြင်းငှါ ၎င်း ၊ သွေ့ခြောက် သော အရပ် ကိုလည်း စမ်းရေ ထွက်စေ ခြင်းငှါ ၎င်း ပြု တော်မူ၏။