Isaiah 34:16
ထာဝရဘုရား ၏ ကျမ်းစာ ကို ကြည့်ရှု ၍ ဘတ် ကြလော့။ ထို တိရစ္ဆာန်တကောင်မျှ မ ပေါ် ဘဲမနေရ။ အမ တကောင်မျှ မိမိအဘော် ကို မ လို ရ။ ထာဝရဘုရား ၏ နှုတ် တော်ထွက် အမိန့် တော်ရှိ၏။ ဝိညာဉ် တော်သည်လည်း သူ တို့ ကို စုဝေး စေတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 6:17အသက် ရှင် သော သတ္တဝါ အပေါင်း တို့ကို၊ ကောင်းကင် အောက် မှ ငါ့ ကိုယ်တိုင်ပယ်ရှင်း ခြင်းငှါ ၊ မြေကြီး ကို ရေ လွှမ်းမိုး စေသဖြင့် ၊ မြေ ပေါ် မှာ ရှိသမျှ တို့သည် သေ ကြရမည်။
Joshua 1:8ထိုပညတ္တိ ကျမ်းစာ ၌ ရေး ထားသမျှ အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊ နေ့ ညဉ့် မပြတ် ကြည့်ရှုဘတ်ရွတ် ရမည်။ သို့ပြုလျှင်သင်သည် အကြံထမြောက်၍ အောင်မြင် လိမ့်မည်။
Psalms 33:9အကြောင်း မူကား၊ ထာဝရ ဘုရားမြွက်ဆို ၍ ၊ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ ၍၊ မိန့် တော်မူသည်အတိုင်း တည် လျက်နေ၏။
Isaiah 1:20သို့မဟုတ် ၊ ငြင်းဆန် ပုန်ကန် လျှင် ထား လက်နက်ဖြင့် ဆုံး ရကြလိမ့်မည်ဟု၊ ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။
Isaiah 30:8သင်သည်ယခု သွား ၍ သူ တို့ရှေ့မှာသင်ပုန်း ၌ ရေး ထားရသောအချက်၊ နောင် ကာလ အစဉ် အဆက် တည် စေခြင်းငှါ၊ စာစီ ၍ မှတ်သားရသောအချက်ဟူမူကား၊
Isaiah 58:14သင်သည် ထာဝရဘုရား ၌ ပျော်မွေ့ ရလိမ့်မည်။ မြေကြီး ပေါ် မှာ မြင့် သော အရပ်တို့ကို ငါစီး စေ၍ ၊ သင့် အဘ ယာကုပ် ၏အမွေ ဥစ္စာနှင့် ငါကျွေး မည်ဟု ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။