Isaiah 34:4
ခပ်သိမ်း သော ကောင်းကင် တန်ဆာ တို့သည် ပြုတ် ၍ ၊ မိုဃ်းကောင်းကင် သည်စာလိပ် ကဲ့သို့ လိပ် လျက် ရှိလိမ့်မည်။ စပျစ် နွယ်ပင်မှ အရွက် ကျ သကဲ့သို့ ၎င်း၊ သင်္ဘော သဖန်းပင်မှ အသီးကျ သကဲ့သို့ ၎င်း၊ ခပ်သိမ်း သော ကောင်းကင်တန်ဆာ တို့သည် ကျ ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 102:25ကိုယ်တော်သည် ရှေ့ဦးစွာ ၌ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်းကောင်းကင် သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာဖြစ်ပါ၏။
Isaiah 13:13သို့ဖြစ်၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား ၏ ဒေါသ အမျက်တော်ပြင်း စွာထွက်သော နေ့ ရက် ၌ ၊ မိုဃ်းကောင်းကင် ကို ငါလှုပ်ရှား မည်။ မြေကြီး လည်း မိမိ နေရာ မှ ရွေ့ ရလိမ့်မည်။
Jeremiah 4:23ငါသည်မြေကြီး ကိုကြည့် ရှု၍ လွတ်လပ် လဟာ ဖြစ်၏။ မိုဃ်း ကောင်းကင်ကို လည်း ငါကြည့်ရှု၍ အလင်း မ ရှိ။
Joel 2:30မိုဃ်းကောင်းကင် ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း ၊ အံ့ဘွယ် သောအရာတည်းဟူသောသွေး ၊ မီးလျှံ ၊ မီးခိုး တိုင် တို့ကို ငါပြ မည်။
Matthew 24:29ထို ကာလ ၏ ဒုက္ခ ဆင်းရဲခြင်းနောက် ရုတ်ခနဲ နေ သည်မိုက် လိမ့်မည်။ လ သည် အရောင် ကိုမ ပေး ။ ကြယ် တို့သည် ကောင်းကင် မှ ကျ ကြလိမ့်မည်။ ကောင်းကင် တန်ခိုး တို့သည် တုန်လှုပ် ကြလိမ့်မည်။
Mark 13:24ထို ကာလ ၏ ဒုက္ခ ဆင်းရဲခြင်းနောက်မှ နေ သည် မိုက် လိမ့်မည်။ လ သည်အရောင် မ ပေး ။”