Isaiah 40:31
ထာဝရဘုရား ကို မြော်လင့် သောသူတို့မူကား ၊ အား ပြည့် ကြလိမ့်မည်။ ရွှေလင်းတ ကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေး သော်လည်း မ ပင်ပန်း ၊ ခရီးသွား သောအခါ မ မော ရကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
30လူပျို တို့သည် မော ၍ ပင်ပန်း ခြင်းသို့ ရောက်ကြ လိမ့်မည်။ လုလင် တို့သည်လည်း ထိမိ ၍ လဲ ကြလိမ့်မည်။
Cross References
Deuteronomy 33:25သင် ၏တံခါး ကန့်လန့်ကျင်တို့သည် သံ နှင့် ကြေးဝါ ဖြင့် ပြီးကြလိမ့်မည်။ သင် ၏နေ့ရက် ကာလဖြစ်သည် အတိုင်း သင့် အစွမ်း သတ္တိဖြစ်လိမ့်မည်။
Judges 16:28ရှံဆုန် ကလည်း ၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ အကျွန်ုပ် မျက်စိ နှစ် ဘက်ကို ဖောက်သော ဖိလိတ္တိ လူတို့၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခု တကြိမ် မျှသာ ခွန်အား ကို ပြန်ပေးတော်မူပါဘုရား ဟု ထာဝရဘုရား အား ဆုတောင်း ပြီးမှ၊
Job 33:24ဘုရားသခင်က၊ သင်္ချိုင်း တွင်းထဲသို့ထိုသူ ကို မဆင်း စေဘဲ ကယ်တင် လော့။ ရွေး ရာအကြောင်းကို ငါတွေ့ ပြီဟု ကရုဏာ စိတ်ရှိ၍ မိန့် တော်မူသောအားဖြင့်၊
Psalms 25:3အကယ် စင်စစ်ကိုယ်တော် ကို မြော်လင့် သောသူတို့ သည် ရှက်ကြောက် ခြင်းသို့ မ ရောက်ရကြပါ။ အကြောင်း မရှိဘဲ သစ္စာ ကိုဖျက်သောသူတို့ သည် ရှက်ကြောက် ခြင်းသို့ ရောက်ရကြပါလိမ့်မည်။
Psalms 25:21ကိုယ်တော် ကိုမြော်လင့် လျက် နေပါသည်ဖြစ်၍ ၊ အပြစ် ကင်းခြင်းနှင့် သဘော ဖြောင့်ခြင်းသည် အကျွန်ုပ် ကို စောင့်ရှောက် ပါစေသော။
Psalms 37:34ထာဝရဘုရား ကို မြော်လင့် ၍ ၊ လမ်း တော်ကို ရှောက်သွား လော့။ ပြည် တော်ကို အမွေ ခံရသောအခွင့်နှင့် ချီးမြှောက် တော်မူမည်။ မတရား သောသူတို့ ဆုံးရှုံး ခြင်းကို သင်သည် ကြည့်မြင် ရလိမ့်မည်။