Isaiah 40:9
ဇိအုန် တောင်သို့ ဝမ်းမြောက်စရာ သိတင်း ကို ဆောင်ခဲ့သောသူ၊ မြင့် သောတောင် ပေါ် သို့တက် လော့။ ယေရုရှလင် မြို့သို့ ဝမ်းမြောက် စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ ကျယ်သောအသံ ကို လွှင့် လော့။ မ စိုးရိမ် ဘဲ အသံကို လွှင့် လော့။ သင် တို့၏ ဘုရား သခင်ကို ကြည့်ရှု ကြဟု ယုဒ မြို့ ရွာတို့အား ပြော လော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 26:13ထိုအခါ ဒါဝိဒ် သည် ကျယ်သောချိုင့် တစ်ဘက် သို့ကူး ၍၊ ဝေး သော တောင် ထိပ် အပေါ် မှာရပ် လျက်၊
Ezra 1:1ယေရမိ ဆင့်ဆိုသော ထာဝရဘုရား ၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ၊ ထာဝရဘုရား နှိုးဆော် တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ် တို့၌ ကြော်ငြာ စေ၍၊
Isaiah 25:9ထို ကာလ ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့ မြော်လင့်သော၊ ငါ တို့၏ဘုရား သခင်တည်း။ ငါ တို့ကို ကယ်တင် တော်မူလိမ့်မည်။ ဤ အရှင်ကား၊ ငါတို့မြော်လင့် သော ထာဝရ ဘုရားတည်း။ ကယ်တင် တော်မူခြင်းကျေးဇူးကြောင့် ၊ ငါတို့သည် ဝမ်းမြောက် ရွှင်လန်းကြကုန်အံ့ဟုဆို ကြလိမ့်မည်။
Isaiah 35:4အား ယူကြလော့၊ မ စိုးရိမ် ကြနှင့်ဟု ကြောက် တတ်သောသူတို့ အား ဆို ကြလော့။ အကြောင်းမူကား၊ သင် တို့၏ ဘုရား သခင်သည် အပြစ် ပေးလျက်၊ ဒဏ် စီရင် လျက်ကြွ လာတော်မူလိမ့်မည်။ ဘုရား သခင်သည် ကိုယ်တော် တိုင် ကြွ လာ၍ ၊ သင် တို့ကို ကယ်တင် တော်မူလိမ့်မည်။
Isaiah 51:7ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ ၏တရား ကို နှလုံး သွင်းမိသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ လူ တို့သည် အပြစ် တင်မည်ဟု မ စိုးရိမ် ကြနှင့်။ လူ တို့ကဲ့ရဲ့ ခြင်းကို မ ကြောက် ကြနှင့်။
Isaiah 52:6သို့ဖြစ်၍ ၊ ငါ ၏လူ တို့သည် ငါ့ ကို သိ ကြလိမ့်မည်။ ဂတိထားသောသူကား၊ ငါ ဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်။ အကယ်စင်စစ်ငါရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။