Isaiah 42:11
တောနှင့်တကွ တော၌ရှိသော မြို့ရွာ၊ ကေဒါ အရပ်သားတို့သည် ကြွေးကြော်ကြစေ။ ကျောက်၌ နေသော သူတို့သည် သီချင်းဆိုကြစေ။ တောင်ထိပ်ပေါ် က ကြွေးကြော်ကြစေ။
1835 Judson Burmese Bible
In The King James Version
In Context
12ထာဝရဘုရားကို ချီးမြှောက်၍၊ တကျွန်းတနိုင်ငံ အရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ။
Cross References
Genesis 25:23ထာဝရဘုရားကလည်း၊ သင်၏ ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ဝမ်းထဲက ခြားနားသော လူစု နှစ်စုကို ဘွားရလိမ့်မည်။ လူတမျိုးသည် တမျိုးထက် အားကြီးလိမ့်မည်။ အကြီးသည်အငယ်၌ ကျွန်ခံရလိမ့် မည်ဟု မိန့်တော်မူ၏။
Psalms 120:5ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌ နေရသည် အရာမှာ အမင်္ဂလာရှိ၏။
Isaiah 21:16ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည် ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ တနှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေ ရှိသမျှ ကွယ်ပျောက်၍၊
Isaiah 35:1တောနှင့် လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့ သို့အပွင့် ပွင့်လိမ့်မည်။
Isaiah 40:3တော၌ ဟစ်ကြော်သော သူ၏အသံမှာ၊ ထာဝရ ဘုရားကြွတော်မူရာ လမ်းကို ပြင်ကြလော့။ ငါတို့ ဘုရား သခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြ လော့။
Isaiah 43:19ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခု ပေါ်လာလိမ့်မည်။ သင်တို့သည် အမှန်သိမြင်ရကြလိမ့် မည်။ အကယ်စင်စစ် တော၌လမ်းကို၎င်း၊ လွင်ပြင်၌ စီးသော ရေကို၎င်း ငါဖန်ဆင်းမည်။