Isaiah 44:26
ငါသည် ငါ့ ကျွန် ၏ စကား ကို တည် စေ၍ ၊ ငါ့ တမန် တို့ ဟော ပြောသည်အတိုင်း ပြု တတ်၏။ ယေရုရှလင် မြို့ကို သင်သည် လူ နေရာဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒ မြို့ တို့ကို သင်တို့သည် တည်ဆောက် လျက်ရှိကြလိမ့်မည်။ ပြို ပျက်ရာများကို ငါပြုပြင် မည်ဟူ၍၎င်း ဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
27ပင်လယ် ကိုလည်း ရေ ကုန်စေ။ သင် ၏ မြစ် အပေါင်းကို ငါခန်း ခြောက်စေမည်ဟူ၍၎င်း၊
Cross References
Exodus 12:29သန်းခေါင် အချိန်၌ ၊ ထာဝရဘုရား သည် နန်း ထိုင် သော ဖာရော ဘုရင်၏ သားဦး မှစ၍ ထောင် ထဲမှာ အချုပ် ခံရသောသူ ၏သားဦး တိုင်အောင် ၊ အဲဂုတ္တု ပြည် ၌ သားဦး ရှိသမျှ ကို၎င်း ၊ တိရစ္ဆာန် တို့၏ သားဦး ရှိသမျှ ကို ၎င်း ဒဏ်ခတ် တော်မူ၏။
1 Kings 18:36ညဦးယံယဇ် ပူဇော် ချိန်ရောက်သောအခါ ၊ ပရောဖက် ဧလိယ သည် ချဉ်းလာ ၍ ၊ အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလ တို့၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဣသရေလ အမျိုး၏ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ အကျွန်ုပ် သည် ကိုယ်တော် ကျွန် ဖြစ်၍ အမိန့် တော်အတိုင်း ဤ အမှု အလုံးစုံ တို့ကို ပြု ကြောင်းကို၎င်း၊ ယနေ့ သိ ကြပါစေသော။
2 Kings 7:18ဘုရား သခင်၏ လူ က၊ နက်ဖြန် နေ့ယခုအချိန် ရောက် လျှင် ၊ ဂျုံမုန့်ညက် တစိတ် ကို ငွေတကျပ် ၊ မုယော ဆန်တခွဲ ကို တကျပ် နှင့် ရှမာရိ မြို့တံခါးဝ ၌ ရောင်းရ လိမ့်မည်ဟု ရှင်ဘုရင် အား ဆင့်ဆို သည်အတိုင်း ဖြစ် ၏
Ezra 2:70ထိုသို့ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ သာမည လူ အချို့၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်တို့သည် မိမိ တို့နေရာမြို့ ရွာတို့၌ ၎င်း၊ ဣသရေလ ပြည်သူပြည်သားအပေါင်း တို့သည် မိမိ တို့နေရာမြို့ ရွာတို့၌ ၎င်း နေရာ ကျ ကြ၏။
Nehemiah 2:3ငါသည်အလွန် ကြောက် ၍ ၊ ရှင်ဘုရင် အသက် တော်အစဉ် အမြဲရှင်ပါစေ။ ကျွန်တော် ဘိုးဘေး သင်္ချိုင်း ရှိရာမြို့ သည် ပျက်စီး လျက် ၊ မြို့တံခါး လည်း မီး လောင် ၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော် သည် မျက်နှာ မ ညှိုးငယ် ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက် သော်၊
Psalms 69:36ကျွန် တော်မျိုး၏သား မြေးတို့သည် ထိုမြို့ ကို အမွေ ခံရ၍ ၊ နာမတော် ကို ချစ် သောသူတို့သည် နေရာ ကျရကြလိမ့်မည်။