Isaiah 46:1
ဗေလ သည် ကျ ပြီ။ နေဗော သည် ကျိုးပဲ့ပြီ။ သူ တို့ ရုပ်တု တို့သည် အခြေလေးချောင်းရှိသောသားတိရစ္ဆာန် တို့ အပေါ် မှာ ရှိကြ၏။ သင် တို့ထမ်း ဘူးသော ဝန်ကို တင်၍၊ ပင်ပန်း သော တိရစ္ဆာန် တို့သည် ထမ်း ရကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 12:12အကြောင်းမူကား၊ ယနေ့ညဉ့် တွင် အဲဂုတ္တု ပြည် ကို ငါသည် ထုတ်ချင်းခပ်သွား ၍ ၊ အဲဂုတ္တု ပြည် ၌ ရှိသောလူ တို့၏ သားဦး များနှင့် တိရစ္ဆာန် တို့၏ သားဦးများအပေါင်း တို့ကို ဒဏ်ခတ် ၍ ၊ အဲဂုတ္တု ပြည်၏ ဘုရား တို့ကို တရားစီရင် မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Job 39:11ကြံ့သည် အား ကြီး သောကြောင့် သူ့ ကို ယုံ မည်လော။ သင် လုပ်ရသောအလုပ် ကိုသူ ၌ အပ် မည်လော။
Isaiah 21:9ယခု မှာ နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်း စီးသူရဲ တပ် ကို မြင် ပါသည်ဟု ခြင်္သေ့ ကဲ့သို့ကြွေးကြော် ၏။ သူ ကလည်း၊ ဗာဗုလုန် မြို့ပြိုလဲ ပြီ၊ ပြိုလဲ ပြီ၊ သူ ၏ဘုရား ရုပ်တု ဆင်းတုရှိသမျှ တို့သည် မြေ ပေါ် မှာ ကျိုးပဲ့ လျက် ရှိကြ ပါသည်ဟု ထပ်၍ဆို လေ၏။
Jeremiah 10:5သူသည် စွန်ပလွံ ပင်ကဲ့သို့ ခိုင်မာ၍ စကား မ ပြော တတ်။ မိမိအလိုအလျောက်မ သွား နိုင်သောကြောင့် ၊ ထမ်း ၍သွား ရ၏။ ထို အရာတို့ကို မ ကြောက် ကြနှင့် ။ အန္တရာယ် ကိုမ ပြုနိုင်။ ကျေးဇူး ကိုလည်း မ ပြုနိုင်။
Jeremiah 48:7သင်သည်မိမိ ဆည်းဖူးသော ဘဏ္ဍာ ဥစ္စာကို ကိုးစား သောကြောင့် ၊ သူတပါးလက် သို့ရောက်ရလိမ့်မည်။ ခေမုရှ ဘုရားကိုလည်း သူ ၏ မင်း၊ သူ ၏ယဇ် ပုရောဟိတ်တို့ နှင့်တကွသိမ်းသွား ကြလိမ့်မည်။
Jeremiah 51:44ဗာဗုလုန် မြို့၌ ဗေလ ဘုရားကို လည်း ငါသည် ဒဏ်ပေးမည်။ သူ မျို သောအရာတို့ကို တဖန်အန် စေမည်။ လူ အမျိုးမျိုးတို့သည် နောက် တဖန်သူ့ ထံမှာ မ စည်းဝေး ရကြ။ မြို့ရိုး လည်းပြိုလဲ လျက်ရှိရလိမ့်မည်။