The Bible Software
bible.software › Isaiah › Isaiah 47 › Isaiah 47:14

Isaiah 47:14

သူတို့သည် အမှိုက် ကဲ့သို့ ဖြစ် ၍မီးရှို့ ခြင်းကိုခံရကြလိမ့်မည်။ မီး အရှိန် မှ မိမိ တို့ကို မကယ် မနှုတ်ရကြ။ နွေး စရာဘို့ မီး တခဲမျှ၊ လှုံ စရာဘို့ မီး အလျှင်းမျှ မ ကျန်ရစ်ရ။

မြန်မာကျမ်းစာ

In The King James Version

Behold, they shall be as stubble; the fire shall burn them; they shall not deliver themselves from the power of the flame: there shall not be a coal to warm at, nor fire to sit before it.

In Context

13သင် သည် များပြား သော တိုင်ပင် ခြင်းအားဖြင့် ပင်ပန်း လှပြီ။ မိုဃ်းကောင်းကင် ကို ကြည့်ရှု သောသူ၊ ကြယ် နက္ခတ်တို့ကို မှတ် သောသူ၊ သင် ၌ ဖြစ် လတံ့သော အမှုကို၊ လ ၏အခြင်းအရာအားဖြင့် ဟော တတ်သောသူတို့ သည် ထ ၍ သင့် ကို ယခု ကယ်တင် ကြစေ။

15သင်နှင့် ဝိုင်းညီ၍ အမှုဆောင်ရွက်သောသူ၊ သင် ငယ် သော အရွယ်မှစ၍ သင် နှင့် ဖောက်ကား ရောင်းဝယ်သောသူတို့သည် သင် ၌ ထိုသို့ ဖြစ် ကြ၍၊ ကိုယ်စီ ကိုယ်စီမိမိနေရာ အရပ်သို့ လွှဲ သွားသဖြင့်၊ သင့် ကို ကယ်တင် သောသူတစုံတယောက်မျှ မ ရှိရ။

Read all of Isaiah 47

Cross References

Exodus 5:12သို့ဖြစ်၍ လူ တို့သည် ကောက်ရိုး အတွက် အမှိုက် ကို ရှာ ယူခြင်းငှါ အဲဂုတ္တု ပြည် တရှောက်လုံး တွင် အရပ်ရပ်ကွဲပြား ကြ၏။

Isaiah 5:24ထိုကြောင့်၊ မီး လျှာ သည် ကောက်ရိုး ကိုလျက် ၊ မီးလျှံ သည် မြက် ခြောက်ကို ကျွမ်းစေသည်နည်းတူ ၊ သူ တို့၏အမြစ် သည် ဆွေးမြေ့ သော သစ်သားကဲ့သို့ ဖြစ်၍၊ အပွင့် သည်လည်း မြေမှုန့် ကဲ့သို့ လွင့် တတ်လိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏တရား တော်ကို ပယ် ကြပြီ။ ဣသရေလ အမျိုး ၏သန့်ရှင်း သော ဘုရား၏ဗျာဒိတ် တော်ကို မထီမဲ့မြင် ပြုကြပြီ။

Isaiah 30:14မြေအိုး ကွဲ သကဲ့သို့ ကွဲ ရလိမ့်မည်။ ကွဲရာတွင် လည်း မီးဖို ထဲက မီးခဲ ခံ စရာဘို့ ၊ ရေကန် ထဲက ရေ ခပ် စရာ ဘို့ အိုးခြမ်း တခုမျှ မ ရှိ စေခြင်းငှါ၊ နှမြော ခြင်း မ ရှိဘဲ ခွဲ ခြင်း ကိုခံ ရလိမ့်မည်။

Isaiah 41:2ဖြောင့်မတ် ခြင်းမင်္ဂလာ လိုက်တတ်သောသူကို အရှေ့ ပြည်က ၊ အဘယ်သူ ပေါ် လာစေသနည်း။ လူ အမျိုးမျိုးတို့ကို သူ ၌ အပ် ၍ ၊ ရှင်ဘုရင် တို့ကို အုပ်စိုးစေခြင်းငှါ၊ အဘယ်သူစီရင်သနည်း။ ရန်သူတို့ကို သူ ၏ထား ရှေ့မှာ မြေမှုန့် ကဲ့သို့ ၎င်း၊ သူ ၏လေး ရှေ့မှာ လွင့် သောဖွဲ ကဲ့သို့ ၎င်း အဘယ်သူဖြစ် စေသနည်း။

Jeremiah 51:30ဗာဗုလုန် စစ်သူရဲ တို့သည် စစ် မ ပြိုင်ဘဲရဲတိုက် များ၌ နေ ကြ၏။ အား လျော့ ၍မိန်းမ ကဲ့သို့ ဖြစ် ကြ၏။ မြို့သားနေရာ တို့ကိုမီး ရှို့၍၊ တံခါးကျင် တို့ကို ချိုးဖဲ့ ကြ၏။

Jeremiah 51:58ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဒု ကြီးသော ဗာဗုလုန် မြို့ရိုး တို့ကို အကုန်အစင်ဖြိုဖျက် ၍ ၊ မြင့် သောမြို့တံခါး တို့ကိုလည်း မီး ရှို့ ကြလိမ့်မည်။ လူ အမျိုးမျိုးတို့သည် အချည်းနှီး လုပ်ဆောင် ၍ ၊ မီး ၌ပင်ပန်း ခြင်းကိုခံရကြပြီ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 47:14

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 47:13Isaiah 47Isaiah 47:15 →