Isaiah 5:1
ငါ ချစ် ရာသခင်၏ စပျစ် ဥယျာဉ်တော်ကို အကြောင်း ပြု၍၊ မေတ္တာသီချင်း ကို ရှေ့တော်၌ဆို ပေအံ့။ မြေ ကောင်းသော တောင် ပေါ် မှာ ငါ ချစ်ရာ သခင်၏ စပျစ် ဥယျာဉ်တော်တဆူရှိ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 8:7အကြောင်း မူကား၊ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်း သောပြည် ၊ ချိုင့် ထဲ ၊ တောင် ထဲက ပေါက် သောမြစ် ၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊
Deuteronomy 31:19ယခု မှာ ဓမ္မသီချင်း ကို ရေး ထားကြလော့။ ထို သီချင်း ကို ဣသရေလ အမျိုး တဘက်၌ ငါ့ အဘို့ သက်သေ ဖြစ်စေ ခြင်းငှာ၊ သူ တို့သည် နှုတ် ကျက်ရအောင် သင် စေ ကြလော့။
Psalms 45:1ငါ့ စိတ် နှလုံးသည် မင်္ဂလာ စကား နှင့်ပွက် ထ လျက်ရှိ၍၊ ငါ စီရင် သောအရာ ကို ရှင်ဘုရင် ရှေ့တော်၌ မြွက်ဆို ပေအံ့။ ငါ့ လျှာ သည်လည်း လိမ္မာ ကျွမ်းကျင်သော စာရေး ၏ကညစ် ဖြစ်ရ၏။
Psalms 101:1ငါသည် သနား စုံမက်ခြင်း၊ တရား သဖြင့် စီရင်ခြင်း ကို အကြောင်းပြု၍ သီချင်း ဆိုပါမည်။ အို ထာဝရဘုရား ၊ ရှေ့ တော်၌ သီချင်း ဆိုပါမည်။
Song of Solomon 5:2ငါ သည် အိပ်ပျော် စဉ်၊ နှလုံး နိုး လျက်ရှိ၏။ ငါ ချစ် ရာ သခင်၏စကား သံပေ။ ငါ့ နှမ ၊ ငါ ချစ် သောအမိ၊ ငါ့ ချိုး ၊ ငါ ၏စုံလင် သူ၊ ငါ အား ဖွင့် ပါ။ ငါ့ ခေါင်း သည် နှင်း နှင့်၎င်း၊ ငါ့ ဆံပင် သည် ညဉ့် ၌ကျ တတ်သော နှင်းစက်များနှင့်၎င်း စို ပြီဟုဆိုလျက်၊ ခေါက် ၍နေတော်မူ၏။
Song of Solomon 6:3ငါ ချစ် ရာသခင်သည် ငါ့ ကိုဆိုင် တော်မူ၏။ ငါ သည်လည်း သခင် ကို ဆိုင် ပေ၏။ နှင်း တော၌ ကျက်စား တော်မူ၏။