Isaiah 5:13
ထိုကြောင့် ငါ ၏လူ တို့သည် ပညာ မရှိ၊ ဘမ်းဆီး သိမ်းသွားခြင်းကိုခံ ရကြ၏။ မှူးမတ် တို့သည် မွတ်သိပ် ၍ သေကြ၏။ ဆင်းရဲသား တို့သည် ရေငတ် ၍ ပူဆွေးလျက် ရှိကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Kings 17:6ဟောရှေ နန်းစံကိုး နှစ် တွင် ၊ အာရှုရိ ရှင် ဘုရင်သည် ရှမာရိ မြို့ကို ရ ပြီးလျှင် ၊ ဣသရေလ အမျိုးကို အာရှုရိ ပြည်သို့ သိမ်းသွား ၍ ဂေါဇန် မြစ် နား၊ ဟာလ မြို့၊ ဟာဗော် မြို့အစရှိသော မေဒိ နိုင်ငံမြို့ ရွာတို့၌ ထား ၏
Proverbs 10:21ဖြောင့်မတ် သောသူ ၏နှုတ်ခမ်း တို့သည် လူအများ ကို ကျွေး တတ်၏။ မိုက် သောသူတို့မူကား ၊ ဉာဏ် မ ရှိသောကြောင့် သေ ကြလိမ့်မည်။
Isaiah 1:7သင် တို့ပြည် သည် လူဆိတ်ညံ လျက်ရှိ၏။ သင် တို့မြို့ များကို မီးလောင် ပြီ။ သင် တို့မြေ ကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင် တို့မျက်မှောက် ၌ စား ကြ၏။ ရန်သူ ဖျက် ပြီးသကဲ့သို့ ၊ လူဆိတ်ညံ လျက်ရှိ၏။
Isaiah 42:22ဤ လူမျိုး သည် လုယူ ဖျက်ဆီး ခြင်းကို ခံရသောအမျိုးဖြစ်၏။ ရှိသမျှ တို့သည် တွင်း ၌ အချုပ် ခံရ၍၊ ထောင် ထဲမှာ ပုန်း ကွယ်လျက်နေကြ၏။ ဖျက်ဆီး ရာဖြစ် သောအခါ ၊ အဘယ်သူမျှမ နှုတ် မယူ။ လုယူ ရာဖြစ်သောအခါ ၊ ပြန် ပေးလော့ဟု အဘယ်သူမျှမ ဆို။
Jeremiah 14:3မှူးမတ် တို့သည် မိမိ သူငယ် တို့ကို ရေ ခပ် စေလွှတ် ၍၊ သူငယ်တို့သည် ရေကျင်း သို့ ရောက် သောအခါ ၊ ရေ ကိုမ တွေ့ ။ အိုး သက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန် လာကြ၏။ ဦးခေါင်း ကို ခြုံ လျက်ရှက် ကြောက်မှိုင်တွေ ကြ၏။
Lamentations 4:4နို့စို့ ကလေးသည် နို့ငတ် သောကြောင့် ၊ လျှာ သည် အာခေါင် ၌ ကပ် လျက်ရှိ၏။ သူငယ် တို့သည် မုန့် ကို တောင်း ၍ အဘယ် သူမျှမပေး။