Isaiah 5:16
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် တရားစီရင် ခြင်းအားဖြင့် ချီးမြှောက် ခြင်းသို့ရောက်တော်မူလိမ့်မည်။ သန့်ရှင်း တော်မူသောဘုရား သခင်သည် ဖြောင့်မတ် ခြင်းအားဖြင့် ၊ သန့်ရှင်း ခြင်းရှိတော်မူလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 10:3ထိုအခါ မောရှေ သည် အာရုန် ကို ခေါ်၍၊ ထာဝရဘုရား က၊ ငါသည် သန့်ရှင်း ခြင်းရှိသည်ဟု ငါ့ ထံသို့ ချဉ်းကပ် သောသူတို့သည် မှတ်ရမည်။ လူ အပေါင်း တို့သည် ငါ့ဘုန်း ကို ချီးမြှင့်ရကြမည်ဟု မိန့် တော်မူရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန် သည် တိတ်ဆိတ် စွာ နေလေ၏။
1 Chronicles 29:11အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုန်း တန်ခိုး အာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင် မြေကြီး ၌ ရှိရှိသမျှ ကို ပိုင်တော်မူ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အစိုးရတော်မူ၏။ ခပ်သိမ်း သောသူတို့၏ အထွဋ် ၊ မြင့်မြတ်တော်မူ ၏။
Psalms 21:13အိုထာဝရဘုရား ၊ ကိုယ်တော် သည် အစွမ်း တန်ခိုးတော်အားဖြင့် ချီးမြှောက် ခြင်းရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုး တော်ကို ထောမနာ သီချင်းဆို ကြပါမည်။
Isaiah 2:9ထိုကြောင့် ၊ ယုတ်သောသူလည်း ဦးနှိမ့် ခြင်း၊ မြတ်သောသူလည်း ရှုတ်ချ ခြင်းကိုခံ ရလိမ့်မည်။ သူ တို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ် တော်မ မူရာ။
Isaiah 2:17ထိုကာလ၌ လူ တို့၏မာန ကို ရှုတ်ချ ၍ ၊ လူ တို့၏ စိတ် မြင့်သော သဘောကိုနှိမ့် ရမည်။ ထာဝရဘုရား တပါး တည်းသာ ချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။
Isaiah 8:13ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ကို ရိုသေ ခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ ခြင်း၊ ထိတ်လန့် ခြင်းရှိကြလော့။