Isaiah 53:2
ထာဝရဘုရား၏ကျွန်သည် အညွန့် ကဲ့သို့ ၎င်း၊ သွေ့ ခြောက်သောမြေ ၌ ပေါက် သောအတက် ကဲ့သို့ ၎င်း၊ ရှေ့ တော်၌ ကြီးပွား ၏။ ပမာဏပြုစရာ အဆင်း တင့်တယ်ခြင်းမ ရှိ။ ချစ် လို ဘွယ်သော မျက်နှာ လက္ခဏာ နှင့် မ ပြည့်စုံ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 11:1ယေရှဲ အမျိုးအငုတ် ၌ အတက် ပေါက် လိမ့်မည်။ သူ ၏အမြစ် တို့တွင် အညွန့် သည် အသီးသီး လိမ့်မည်။
Jeremiah 23:5ထာဝရဘုရား မိန့် တော်မူသည်ကား၊ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါပေါက် စေသည်အတိုင်း ၊ ဉာဏ် ကောင်းသောရှင်ဘုရင် တဦးသည် စိုးစံ ၍ ၊ မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် ရာ ကာလ သည် ရောက် လိမ့်မည်။
Zechariah 6:12ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ အမိန့် တော်ကို ထိုသူ အား ဆင့်ဆို ရမည်မှာ၊ အညွန့် အမည် ရှိသောသူ ကို ကြည့်ရှု လော့။ မိမိ ဒေသ အရပ်၌ ပေါက် ၍ ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် လိမ့်မည်။
Mark 9:12ကိုယ်တော်က၊ ဧလိယ သည် အရင် လာ ၍ အလုံးစုံ တို့ကို ပြုပြင် ရသည် မှန် ပေ၏။ လူ သား သည်လည်း အလွန် ဆင်းရဲ ၍ ကဲ့ရဲ့ ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာ လာ၏။”
Luke 2:39မိဘ တို့သည် ထာဝရ ဘုရား၏ ပညတ် တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင် ပြုပြီးမှ၊ ဂါလိလဲ ပြည်၊ နာဇရက် အမည်ရှိသောမိမိ တို့ မြို့ သို့ ပြန် ကြ၏။
Luke 9:58ယေရှု ကလည်း ၊ မြေခွေး သည်မြေတွင်း ရှိ ၏၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် သည် နားနေရာ အရပ်ရှိ၏။ လူ သား မူကား ခေါင်း ချ ရာမျှမ ရှိ ဟုမိန့် တော်မူ၏။