Isaiah 54:4
မ စိုးရိမ် နှင့်။ ရှက်ကြောက် ခြင်းသို့မ ရောက်ရ။ မျက်နှာ မ ပျက်နှင့်။ အရှက်ကွဲ ခြင်းကို မ ခံရ။ အသက် ငယ်စဉ်အခါ ခံရသောရှက်ကြောက် ခြင်းကို မေ့လျော့ လိမ့်မည်။ မုတ်ဆိုးမ ဖြစ်၍ ခံရသောကဲ့ရဲ့ ခြင်းကို နောက် တဖန် မ အောက်မေ့ ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 11:16ခံပြီးသောဒုက္ခ ဆင်းရဲကို မေ့လျော့ လိမ့်မည်။ လွန် သွားပြီးသော ရေ ကိုကဲ့သို့ အောက်မေ့ လိမ့်မည်။
Isaiah 29:22သို့ ဖြစ်၍အာဗြဟံ အမျိုးကို ရွေးနှုတ် တော်မူသော ထာဝရဘုရား သည်၊ ယာကုပ် အမျိုး ကိုရည်မှတ် ၍ မိန့် တော်မူသည်ကား၊ ယာကုပ် အမျိုးသည် နောက်တဖန် ရှက် ကြောက်ခြင်း၊ မျက်နှာ ပျက် ခြင်း မ ရှိရ။
Isaiah 41:14အိုတီကောင် ယာကုပ် ၊ အမျိုး ငယ် ဣသရေလ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင့် ကို မစ သောသူဖြစ် ၏။ သင့် ကို ရွေးနှုတ် သောသူသည်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Isaiah 51:7ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ ၏တရား ကို နှလုံး သွင်းမိသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ လူ တို့သည် အပြစ် တင်မည်ဟု မ စိုးရိမ် ကြနှင့်။ လူ တို့ကဲ့ရဲ့ ခြင်းကို မ ကြောက် ကြနှင့်။
Isaiah 65:16မြေကြီး ပေါ် မှာ မိမိကို မိမိကောင်းကြီး ပေးသောသူသည်၊ သစ္စာ စောင့်တော်မူသောဘုရား သခင်ကို အမှီပြု၍ ကောင်းကြီး ပေးလိမ့်မည်။ မြေကြီး ပေါ် မှာ ကျိန်ဆို သောသူသည်၊ သစ္စာ စောင့်တော်မူသောဘုရား သခင်ကို တိုင်တည်၍ ကျိန် ဆိုလိမ့်မည်။ အကြောင်း မူကား၊ အရင် အမှု တို့ကို မေ့လျော့ ရ၏။ ငါ့ မျက်မှောက် ၌ ကွယ် ပျောက် လျက်ရှိကြ၏။
Ezekiel 16:22သင် ပြုသောစက်ဆုပ် ရွံ့ရှာဘွယ်အမှု၊ မ တရား သောမေထုန် အမှုအပေါင်း တို့ကိုပြုစဉ်တွင်၊ အရွယ် ငယ် သောအခါ အဝတ် မရှိ၊ အချည်းစည်း ရှိ ကြောင်း၊ ကိုယ် အသွေး ၌ လူးလဲ လျက်နေကြောင်းကို မ အောက်မေ့ ပါ တကား။