Isaiah 54:9
နောဧလက်ထက်၌ လွှမ်းမိုးသောရေကို ငါသည် မှတ်၍၊ ထိုရေသည် မြေကြီးကို နောက်တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ၊ သင့်ကို အမျက် မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကို ပြုပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 8:21ထာဝရဘုရားသည်လည်း မွှေးကြိုင်သော အနံ့ကို ခံယူ၍၊ ငါသည် နောက်တဖန်လူတို့အတွက် မြေကြီးကို မကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှ စ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တဖန် ဒဏ်မခတ်။
Job 11:16ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည်။
Isaiah 12:1ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အိုထာဝရ ဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါ မည်။အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ တဖန် အမျက်တော်ငြိမ်း၍၊အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏။
Isaiah 51:8အကြောင်းမူကား၊ ပိုးရွတို့သည် သိုးမွှေးအဝတ် ကို ကိုက်စားသကဲ့သို့၊ ထိုသူတို့ကို ကိုက်စားဖျက်ဆီးကြ လိမ့်မည်။ ငါ၏ဖြောင့်မတ်ခြင်းတရားမူကား နိစ္စထာဝရ ဖြစ်၍၊ ငါ၏ ကယ်တင်ခြင်းတရားသည်လည်း ကမ္ဘာ အဆက်ဆက် တည်လိမ့်သတည်း။
Isaiah 55:11ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့် မည်။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံ စေမည်။ ငါစေခိုင်းသော အမှု၌ အောင်လိမ့်မည်။
Jeremiah 31:36ထိုတရားတို့သည် ငါ့ရှေ့မှာ ကွယ်ပျောက်လျှင်၊ ဣသရေလ အမျိုးသည် ငါ့ရှေ့မှာ အမျိုးတိမ်မြုပ်၍ အစဉ်ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။