Isaiah 55:13
အမျိုးမျိုးသော ဆူး ပင်အရာ ၌ ထင်းရူး ပင်နှင့် မုရတု ပင်တို့သည် ပေါက် ကြလိမ့်မည်။ ထိုအမှုသည်ထာဝရဘုရား ရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မ ပျောက် မပျက်ရသောထာဝရ သက်သေ ဖြစ် ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 5:6ဥယျာဉ် ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မ ပြင်ဆင် ရ။ အဘယ်သူမျှမ တူး မဆွရ။ ဆူးပင် အမျိုးမျိုးပေါက် ကြလိမ့်မည်။ ထိုဥယျာဉ် အပေါ် မှာလည်း မိုဃ်း မရွာစေခြင်းငှါငါပညတ် မည်။
Isaiah 41:19တော ၌ အာရဇ် ပင်၊ အကာရှ ပင်၊ မုရတု ပင်၊ သံလွင် ပင် များကို၎င်း၊ လွင်ပြင် ၌ ထင်းရူး ပင်၊ တဒေရ ပင်၊ တာရှုရ ပင်များကို၎င်းရောနှော လျက် စိုက် မည်။
Isaiah 54:10တောင် ကြီးတို့သည် ရွေ့ ၍ ၊ တောင် ငယ်တို့သည် လှုပ်ရှား သော်လည်း ၊ ငါ ၏မေတ္တာ သည် သင် မှ မ ရွေ့ ရ။ ငါ ၏ငြိမ်သက် ခြင်း ပဋိညာဉ် လည်း မ လှုပ်ရှား ရဟု သင် ၌ သနား ခြင်းကရုဏာစိတ်ရှိတော်မူသောထာဝရဘုရား မိန့် တော်မူ၏။
Isaiah 60:17ကြေးဝါ အရာ ၌ ရွှေ ကို၎င်း ၊ သံ အရာ ၌ ငွေ ကို ၎င်း၊ သစ်သား အရာ ၌ ကြေးဝါ ကို၎င်း ၊ ကျောက် အရာ ၌ သံ ကို၎င်းငါဆောင် ခဲ့မည်။ သင် ၏ အရာရှိ တို့ကို ငြိမ်သက် သောသဘော၊ အခွန်ခံ တို့ကို ဖြောင့်မတ် သော သဘောနှင့် ပြည့်စုံ စေမည်။
Isaiah 61:3စိတ်မသာညည်းတွား သော ဇိအုန် မြို့သားတို့ အဘို့ စီရင် ၍၊ ပြာ အရာ ၌ ပေါင်း သရဖူ၊ ဝမ်းနည်း ခြင်း အရာ ၌ ဝမ်းမြောက် ခြင်းဆီ ၊ ညှိုးငယ် သောစိတ် သဘောအရာ ၌ ချီးမွမ်း ခြင်းအဝတ် တန်ဆာကို သူ တို့အား ပေး စေခြင်းငှါ ၎င်း၊ ငါ့ ကို စေလွှတ် တော်မူပြီ။ ထိုသူ တို့သည် ဖြောင့်မတ် ခြင်းသပိတ် ပင်၊ ဘုန်း အသရေတော်ဘို့ ထာဝရဘုရား စိုက်ပျိုး တော်မူသောအပင်ဟူ၍သမုတ် ခြင်းကိုခံ ရကြလိမ့်မည်။
Jeremiah 13:11ခါးပန်း သည် လူ ၏ခါး ၌ မှီဝဲ သကဲ့သို့ ၊ ဣသရေလ အမျိုး ရှိသမျှ တို့နှင့် ယုဒ အမျိုး အပေါင်း တို့သည် ငါ ၏ လူမျိုး ၊ ဘွဲ့ နာမ၊ ဘုန်း အသရေ ဖြစ် စေခြင်းငှါ ၊ ငါ ၌ မှီဝဲ စေသော်လည်း ၊ သူတို့သည်နား မ ထောင်ကြဟု ထာဝရဘုရား မိန့် တော်မူ၏။