Isaiah 55:2
အစာ မ ဟုတ်သောအရာအဘို့ သင်တို့ငွေ ကို၎င်း၊ အမွတ်မ ပြေ နိုင်သောအရာအဘို့ သင်တို့ဥစ္စာ ကို၎င်း၊ အဘယ်ကြောင့် ကုန် စေကြသနည်း။ ငါ့ စကားကို စေ့စေ့နားထောင် လျက် ၊ ကောင်း သောအစာကို စား ကြလော့။ သင် တို့၏ဝိညာဉ် သည် ချို သောအရာတို့၌ မိမိကိုမိမိ မွေ့လျော် စေလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 11:13သင် တို့ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် ၍ အမှုတော် ကို ဆောင်ရွက်မည် အကြောင်း ၊ ယနေ့ ငါ မှာ ထားသမျှသော ပညတ် တို့ကို စေ့စေ့နားထောင် လျှင်၊
Psalms 34:11အချင်းသူငယ် တို့လာ ကြလော့။ ငါ့ စကားကို နားထောင် ကြလော့။ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်း တရားကို သင် တို့အား ငါသွန် သင်မည်။
Psalms 63:5အိပ်ရာ ပေါ်မှာ ကိုယ်တော် ကို အောက်မေ့ ၍ ၊ ညဉ့်ယံ တို့၌ ကိုယ်တော် ကို ဆင်ခြင် လျက် နေသောအခါ၊ ဆီဥ ကို၎င်း၊ ဆူသောအသားကို၎င်းစား၍ ဝသကဲ့သို့၊ အကျွန်ုပ် ၏ဝိညာဉ် သည် ဝ ၍ ရွှင်လန်း သော နှုတ်ခမ်း နှင့် အကျွန်ုပ် ၏နှုတ် သည် ကိုယ်တော်ကို ချီးမွမ်း ပါမည်။
Proverbs 7:23ငှက် သည် မိမိ အသက် ဆုံးစေခြင်းငှါ ထောင် မှန်းကိုမ ရိပ်မိ ဘဲ၊ ကျော့ကွင်း ထဲသို့ အလျင် အမြန်ဝင်သကဲ့သို့ ၎င်း၊ လူပျိုသည် ထိုမိန်းမ နောက် သို့ ချက်ခြင်း လိုက်သွား တတ်၏။
Proverbs 9:5လာ လော့။ ငါ့ မုန့် ကို စား လော့။ ငါဘော် သော စပျစ်ရည် ကို သောက် လော့။
Isaiah 1:19သင်တို့သည် ကြည်ညို နားထောင် လျှင် ၊ မြေ အသီးအနှံ ကို စားရ ကြလိမ့်မည်။