Isaiah 57:11
သင်သည် သစ္စာပျက်သည်တိုင်အောင်၎င်း၊ ငါ့ ကို မေ့လျော့၍ သတိမပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှ စ၍ တိတ်ဆိတ်စွာနေသောကြောင့်၊ သင်သည် ငါ့ကို မကြောက်ဘဲနေသည်မဟုတ်လော။
1835 Judson Burmese Bible
In The King James Version
In Context
10ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ် မပျက်။ ကြိုးစား၍ အသက်လွတ်သောကြောင့် အားလျော့ ခြင်းမရှိ။
12သင်၏ကုသိုလ်နှင့်၊ သင်ပြုသော အမှုတို့ကို ငါဘော်ပြမည်။
Cross References
Proverbs 29:25လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
Isaiah 26:10မတရားသောသူသည် ကျေးဇူးကိုခံရသော် လည်း၊ တရားကို မသင်တတ်ပါ။ တရားကျင့်ရာပြည်၌ပင် အဓမ္မပြု၍၊ ထာဝရဘုရား၏ ဘုန်းတော်ကို ပမာဏမပြု တတ်ပါ။
Isaiah 51:12သင်တို့ကို နှစ်သိမ့်စေသော သူကား၊ အခြားသူ မဟုတ်၊ ငါ့ကိုယ်တိုင်ပေတည်း။ သေရသော လူကို၎င်း၊ မြက်ပင်ကဲ့သို့ ဖြစ်လတံ့သော လူသားကို၎င်း၊ သင်သည် ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘော ရှိသနည်း။
Jeremiah 2:32အပျိုမသည် မိမိ၌ဆင်သောတန်ဆာကို၎င်း၊ မင်္ဂလာဆောင် သတို့သမီးသည် မိမိခါးပန်းကို၎င်း မေ့လျော့နိုင်သလော။ သို့သော်လည်း၊ ငါ၏လူတို့သည် မရေတွက်နိုင်အောင် များစွာသောကာလပတ်လုံး ငါ့ကို မေ့လျော့ကြပြီ။
Jeremiah 9:3သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသာနှင့် တင်ကြ၏။ သစ္စာတရားကို အမှီမပြုဘဲ မြေကြီး ပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှု ကို ထပ်၍ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရ ဘုရား မိန့်တော်မူ၏။
Ezekiel 13:22ငါမညှိုးငယ်စေသော လူကောင်းတို့ကို သင်တို့ သည် မုသာစကားအားဖြင့် ညှိုးငယ်စေသောကြောင့်၎င်း၊ လူဆိုးတို့သည် ဆိုးသောလမ်းကို မရှောင်စေခြင်းငှါ အသက်ချမ်းသာပေး၍၊သူတို့ကိုခိုင်မာစေသောကြောင့် ၎င်း၊