Isaiah 57:14
ထိုအခါ မြေကို ဖို့ကြ။ မြေကို ဖို့ကြ။ လမ်းကို ပြင်ကြ။ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတားမရှိစေနှင့် ဟု ငါပြောဆိုရ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Isaiah 35:8ထိုအရပ်၌ လမ်းမကြီး ရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ် သောသူသည် ထိုလမ်းကို မရှောက်မသွားရ။ သွားသော သူတို့နှင့်အတူ ကိုယ်တော်တိုင်ခရီးသွားလျက် ရှိတော်မူ သည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ။
Isaiah 49:11ငါ၏တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေ မည်။ ငါ၏မြေတန်တားများကိုလည်း ငါဖို့မည်။
Jeremiah 18:15ငါ၏လူတို့သည် ငါ့ကိုမေ့လျော့၍၊ အချည်းနှီး သော အရာရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ရှေးကာလ မှစ၍ လိုက်ဘူးသော လမ်းတို့၌လဲ တတ်သောကြောင့်၊ အခြားသောလမ်း၊ မြေမဖို့သောလမ်းသို့ လိုက်ကြပြီ တကား။
Romans 14:13ထိုကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း သာ၍ စီရင်ကြကုန်အံ့။
1 Corinthians 8:9သို့သော်လည်း၊ သင်တို့အခွင့်ကိုအားနည်းသော သူတို့၌ ထိမိ၍ လဲစရာအကြောင်း မဖြစ်စေခြင်းငှါ သတိ ပြုကြလော့။
1 Corinthians 10:32လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ၍၊