Isaiah 58:3
အကျွန်ုပ်တို့သည် အစာ ရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် မြင် တော်မ မူသနည်း။ အကျွန်ုပ် တို့သည် ခြိုးခြံ စွာကျင့် သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့်သိမှတ် တော်မ မူ သနည်းဟုဆိုသော်၊ သင် တို့သည် အစာ ရှောင်သောနေ့ ၌ ကိုယ်တိုင် ပျော်မွေ့ ၍ ၊ ကျွန် တို့ကိုပင်ပန်း စွာ လုပ်စေကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 2:23ကာလ အင်တန်ကြာ ပြီးမှ၊ အဲဂုတ္တု ရှင်ဘုရင် အနိစ္စရောက် လေ၏။ ဣသရေလ အမျိုးသား တို့လည်း အစေ ကျွန်ခံရသောကြောင့်ညည်းတွား ငိုကြွေးကြ၏။ ထိုသို့ အစေ ကျွန်ခံ၍ငိုကြွေး သော အသံသည် ဘုရား သခင် ထံတော်သို့ တက် ရောက်လေ၏။
Leviticus 16:31အကြောင်း မူကား၊ သင်တို့သည် ထာဝရဘုရား ရှေ့ တော်၌ အပြစ် ရှိသမျှ တို့နှင့် ကင်းစင် မည်အကြောင်း၊ ထို နေ့ ရက်၌ ယဇ်ပုရောဟိတ်သည် သင် တို့ကို စင်ကြယ် စေခြင်းငှါ ၊ အပြစ် ဖြေခြင်းကို ပြုရမည်။
Numbers 23:4ဘုရားသခင် သည် ဗာလမ် ကို ကြိုဆို တော်မူလျှင် ၊ ဗာလမ်က အကျွန်ုပ် သည် ယဇ်ပလ္လင် ခုနစ် ခုကို ပြင်ဆင်၍ ပလ္လင် တခုတခုအပေါ် မှာ နွားထီး တကောင်စီနှင့် သိုးထီး တကောင်စီကို ပူဇော် ပါပြီဟု လျှောက် လေ၏။
Job 34:9လူ သည်ဘုရား သခင်၌ မွေ့လျော် ၍၊ အကျိုး မ ရှိဟု ယောဘသည် ဆို မိပြီ။
Proverbs 28:9တရား မနာ ၊ လွှဲ သွားသောသူသည် ဆုတောင်းသော်လည်း ၊ သူ ၏ပဌနာ စကားသည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။
Isaiah 47:6ငါသည် ငါ ၏လူ တို့ကို အမျက်ထွက် သောကြောင့်၊ ငါ ၏ အမွေ ကို ရှုတ်ချ ၍ သင့် လက် သို့ အပ် လိုက် ၏။ သင်သည် သနား သောစိတ် မ ရှိ။ အသက်ကြီး သူတို့ အပေါ် မှာ လေးသော ထမ်းဘိုး ကို တင် လေပြီ။