Isaiah 58:6
ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသော ဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းဘိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 6:5မဟုတ်မမှန်ဘဲ ကျိန်ဆို၍၊ ရသောဥစ္စာ အဘိုးနှင့်တကွ၊ ငါးစုတစုကို ထပ်၍ ဒုစရိုက်ဖြေသော ယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အား ပြန်ပေးရမည်။
2 Chronicles 28:11ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သည် ယခုဘမ်းဆီး၍ သိမ်းယူခဲ့သော သင်တို့၏ ညီအစ်ကို များကို လွှတ်လိုက်ကြလော့။ သို့မဟုတ် ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။
Nehemiah 5:11ယနေ့ပင်သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အိမ်ရာကို၎င်း၊ သူတို့၌ခွဲယူပြီးသော ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကို၎င်း ပြန်ပေးကြပါလော့ ဟု ဆိုသော်၊
Jeremiah 34:8ယေရုရှလင်မြို့သားအပေါင်းတို့သည် အသီး အသီးစေစားသော ယုဒညီအစ်ကိုချင်း၊
Micah 3:2သုစရိုက်ကို မုန်း၍ ဒုစရိုက်ကို နှစ်သက်လျက်၊ သူတပါးအရေကို၎င်း၊ အရိုး၌ကပ်သော အသားကို၎င်း ဆွဲယူလျက်၊
1 Timothy 6:1ဘုရားသခင်၏ နာမတော်နှင့်တရားတော်သည် ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အစေခံကျွန် မည်သည်ကား၊ မိမိသခင်ကို အလွန်ရိုသေထိုက်သော သူဟူ၍ မှတ်စေ။