The Bible Software
bible.software › Isaiah › Isaiah 58 › Isaiah 58:8

Isaiah 58:8

သို့ပြုလျှင် သင်၏အလင်းသည် မိုဃ်းသောက် သော အလင်းကဲ့သို့ ပေါ်ထွန်း၍၊ အလျင်အမြန် ကျန်းမာ ခြင်းသို့ ရောက်လိမ့်မည်။ သင်၏ဖြောင့်မတ်ခြင်း ပါရမီ သည် သင့်ရှေ့၌ သွား၍၊ ထာဝရဘုရား၏ဘုန်းတော် သည် နောက်၌ လုံခြုံစေလိမ့်မည်။

1835 Judson Burmese Bible

In The King James Version

Then shall thy light break forth as the morning, and thine health shall spring forth speedily: and thy righteousness shall go before thee; the glory of the LORD shall be thy rereward.

In Context

7မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ ဆောင်ခြင်း၊ အဝတ် မရှိသော သူကိုမြင်လျှင်၊ အဝတ်ကို ပေးခြင်း၊ ကိုယ် အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော။

9သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သော အခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိ သည်ဟု မိန့်တော်မူလိမ့်မည်။ သင်သည် သင်၏အထဲက ထမ်းဘိုးကို၎င်း၊ လက်ညှိုးထိုးခြင်းကို၎င်း၊ ကဲ့ရဲ့သော စကားကို၎င်း ပယ်ရှား၍၊

Read all of Isaiah 58

Cross References

Job 11:17သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။

Psalms 85:13တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာ တို့ကို ပဲ့ပြင်လိမ့်မည်။

Psalms 112:4သဘောဖြောင့်သော သူတို့အဘို့၊ မှောင်မိုက် ထဲမှာ အလင်း ပေါ်ထွန်းတတ်၏။ ထိုသို့သောသူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ် သော သဘောရှိ၍၊ တရားသဖြင့် ပြုတတ်၏။

Proverbs 11:17သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။

Isaiah 30:26ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍၊ သူတို့ခံရသော ဒဏ်ချက်ရာကို ပျောက် စေတော်မူသော အခါ၊ လ၏အလင်းသည် နေ ၏အ လင်းကဲ့သို့ ဖြစ်၍၊ နေ ၏အလင်းသည်လည်း ပကတိ ထက် ခုနစ်ဆလင်းလိမ့် မည်။

Isaiah 57:18သူ၏အကျင့်ဓလေ့တို့ကို ငါမြင်ပြီ။ သူ့ကို အနာ ပျောက်စေ၍ လမ်းပြဦးမည်။ သူ့ကို၎င်း၊ သူနှင့်အတူ စိတ်ညှိုးငယ်သော သူတို့ကို၎င်း၊ ချမ်းသာပေးဦးမည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 58:8

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 58:7Isaiah 58Isaiah 58:9 →