Isaiah 59:17
ဖြောင့်မတ် ခြင်းတရားတည်းဟူသောရင်ကျပ် ကို ဝတ်ဆင် ၍ ၊ ကယ်တင် ခြင်းတည်းဟူသောသံခမောက် လုံးကို ဆောင်း တော်မူ၏။ အပြစ် ပေးခြင်းအဝတ် ကို၎င်း ၊ စိတ် အားကြီးခြင်းဝတ်လုံ ကို၎င်းယူတင်ဝတ်ဆောင် တော်မူ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 29:14ဖြောင့်မတ် ခြင်းပါရမီကို အဝတ် လုပ်၍ ငါဝတ်ဆင် ၏။ တရား သည် ငါ့ ဝတ်လုံ ငါ့ပေါင်း ဖြစ်၏။
Psalms 94:1အပြစ် ကိုပေး ပိုင်တော်မူသော ဘုရား သခင်ထာဝရဘုရား ၊ အပြစ် ကိုပေး ပိုင်တော်မူသော ဘုရား သခင်၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။
Isaiah 11:5တရား နှင့် သစ္စာ သည် သူ ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်။
Isaiah 51:9အို ထာဝရဘုရား ၏ လက်ရုံး တော်၊ နိုး တော်မူပါ။ နိုး၍ ခွန်အားကို ယူတော်မူပါ။ ရှေး ကာလ နှင့် လွန် ဘူးသောကာလ ၌ကဲ့သို့ နိုးတော်မူပါ။ ရာခပ် ကို ဒဏ်ခတ်၍ နဂါး ကို နာ စေသောသူကား၊ ကိုယ်တော် ပင် မ ဟုတ် လော။
Isaiah 63:15ကောင်းကင် ဘုံက ငုံ့ကြည့် တော်မူပါ။ သန့်ရှင်း ၍ ဘုန်း ကြီးသောနေရာ က ကြည့်ရှု တော်မူပါ။ စိတ် တော် အားကြီး၍ တန်ခိုး ကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ် တို့ကို သနား စုံမက်တော်မူခြင်းသည် အဘယ် မှာရှိပါသနည်း။ ချုပ်တည်း တော်မူသလော။
John 2:17ကိုယ်တော် ၏အိမ် တော်၌ စွဲလမ်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကိုးစား ပါ၏ဟူ၍ကျမ်းစာလာ သည်ကို၊ ထိုအခါတပည့် တော်တို့သည် မှတ်မိ ကြ၏။