Isaiah 59:19
သို့ ဖြစ်၍၊ အနောက် မျက်နှာသားတို့နှင့်၊ နေ ထွက် ရာအရပ်သားတို့သည် ထာဝရဘုရား ၏ နာမ တော်နှင့် ဘုန်း တော်ကို ရိုသေ ကြလိမ့်မည်။ ရန်သူ သည် ရေ လွှမ်းမိုးသကဲ့သို့ ဝင် သောအခါ ၊ ထာဝရဘုရား ၏ ဝိညာဉ် တော် သည် ဆီးတား တော်မူမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 22:27မြေကြီး စွန်း ရှိသမျှ တို့သည် သတိရ ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်း လဲကြလိမ့်မည်။ လူ အမျိုး အနွယ် အပေါင်း တို့သည် ရှေ့ တော်၌ ကိုးကွယ် ကြလိမ့်မည်။
Psalms 102:16ထာဝရဘုရား သည် ဇိအုန် မြို့ကို တည်ထောင် ၍၊ ဘုန်း တော်နှင့်တကွ ထင်ရှား တော်မူလိမ့်မည်။
Isaiah 8:7ထာဝရ ဘုရားသည် အလုံးအရင်းပါသောအာရှုရိ ရှင်ဘုရင် တည်းဟူသော၊ ခွန်အားဗလကြီး ၍များ သော မြစ် ရေ နှင့်သူ တို့ကို လွှမ်းမိုးစေတော်မူသဖြင့် ၊ ထိုမြစ် သည် မိမိ ချောင်း များကို လွှမ်း ၍ ၊ မိမိကမ်း များကို လျှံ လျက်၊
Isaiah 24:14ထိုသူတို့ သည် ကြွေးကြော် ၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရား ကို ချီးမွမ်းသောအသံနှင့် ပင်လယ် တဘက်မှ မြည် ကြလိမ့်မည်။
Isaiah 45:6သို့ ဖြစ်၍ငါ မှတပါး အခြား သော ဘုရားမ ရှိ၊ ငါ တပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်း ကို၊ နေ ထွက် ရာအရပ်သားနှင့် အနောက် မျက်နှာသားတို့ သည် သိ ရကြလိမ့်မည်။
Isaiah 66:18အချိန်တန်မှ ဘာသာ စကားခြားနားသော လူ အမျိုးမျိုးအပေါင်း တို့ကို ငါစည်းဝေး စေသဖြင့် ၊ သူတို့သည် လာ ၍ ငါ ၏ဘုန်း ကို ဖူးမြင် ကြလိမ့်မည်။