Isaiah 59:3
သင် တို့လက် သည် အသွေး နှင့် ၎င်း၊ လက်ချောင်း တို့သည် ဒုစရိုက် နှင့် ၎င်း ညစ်ညူး ကြ၏။ သင် တို့သည် နှုတ်ခမ်းနှင့် လျှာ အားဖြင့်မုသာ စကား၊ အဓမ္မ စကားကို ပြော တတ်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 1:15သင် တို့သည်လက်ဝါး တို့ကို ဖြန့် ကြသောအခါ ၊ ငါသည်မျက်စိ ကိုလွှဲ မည်။ များ စွာသော ပဌနာ ကို ပြုကြသောအခါ ၊ ငါ သည်နား မ ထောင်။ သင် တို့လက် တို့ သည် အသွေး နှင့် ပြည့် ကြ၏။
Jeremiah 2:30ငါသည်သင် တို့သား များကို အချည်းနှီး ဒဏ်ပေး ပြီ။ သူတို့သည် ဆုံးမ ခြင်းကို မ ခံ ကြ။ သင် တို့၏ ထား သည် လုယူဖျက်ဆီး တတ်သော ခြင်္သေ့ ကဲ့သို့ ၊ သင် တို့၏ ပရောဖက် များကို ဖျက်ဆီး လေပြီ။
Jeremiah 7:8အကျိုး မ ရှိဘဲ မုသာ စကား ကို ပြောသောသူတို့၌ သင် တို့သည် ခိုလှုံ ကြ၏။
Jeremiah 9:3သူတို့သည် မိမိ တို့လျှာ တည်းဟူသောလေး ကို မုသာ နှင့် တင် ကြ၏။ သစ္စာ တရားကို အမှီ မ ပြုဘဲ မြေကြီး ပေါ် မှာ လူကြီး ဖြစ်ကြ၏။ အကယ် စင်စစ်ဆိုး သောအမှုအပေါ် မှာ ဆိုး သောအမှု ကို ထပ်၍ပြု ကြ၏။ ငါ့ ကိုလည်း မ သိ မမှတ်ကြဟု ထာဝရဘုရား မိန့် တော်မူ၏။
Jeremiah 22:17သင် ၏ မျက်စိ နှင့် သင် ၏နှလုံး မူကား ၊ လောဘ လွန်ကျူးခြင်း၊ အပြစ် မရှိသောသူကို သတ် ခြင်း၊ ညှဉ်းဆဲ နှိပ်စက် ခြင်းမှတပါး ၊ အဘယ်အမှုကိုမျှ မ မှတ် တတ်။
Ezekiel 9:9ထာဝရဘုရားကလည်း၊ ဣသရေလ အမျိုး နှင့် ယုဒ အမျိုး၏အပြစ် သည် အလွန် တရာကြီး ၏။ တပြည်လုံး သည် လူ အသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့် ၏။ မြို့ သည်လည်း ဖောက်ပြန် ခြင်း အပြစ်နှင့်ပြည့် ၏။ သူတို့က၊ ထာဝရဘုရား သည် မြေကြီး ကို စွန့်ပစ် လေပြီ။ ထာဝရဘုရား မမြင် ဟု ဆို ကြ၏။