Isaiah 64:8
သို့ရာတွင် အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့ အဘ ဖြစ်တော်မူ၏။ အကျွန်ုပ် တို့သည် အိုးမြေ ဖြစ်ပါ၏။ ကိုယ်တော် သည် အကျွန်ုပ် တို့၏ အိုးထိန်း ဖြစ်တော်မူ၏။ အကျွန်ုပ် တို့ရှိသမျှ သည် လက် တော်နှင့် ဖန်ဆင်း သောအရာ ဖြစ်ပါ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 32:12အဲဂုတ္တု လူတို့ကလည်း၊ ဘုရားသခင် သည် မကောင်း သော အကြံရှိသဖြင့်၊ သူ တို့ကို တောတောင် များ၌ သတ် ၍ မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းခြင်း အလိုငှါ သာ၊ နှုတ် ဆောင်လေသည်ဟု အဘယ်ကြောင့် ဆို ဘွယ်အကြောင်းရှိရပါမည်နည်း။ ပြင်းစွာ သော အမျက် တော်ကို ပယ် တော်မူပါ။ ကိုယ်တော် ၏ လူ တို့၌ ဤသို့အပြစ် ပေးမည်အကြံကို နောင်တရ တော်မူပါ။
Deuteronomy 32:6အို ပညာ မဲ့ သော လူမိုက် တို့၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ဤသို့ ဆပ် မည်လော။ ထာဝရဘုရား သည် သင့် ကို ဖြစ် စေသောအဘ ၊ သင့် ကို ဖန်ဆင်း ၍ နေရာချသောသူဖြစ် တော်မူသည် မ ဟုတ်လော။
Psalms 74:1အို ဘုရား သခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ် စွန့်ပစ် တော်မူသနည်း။ ကိုယ်တော် ထံမှာကျက်စား သော သိုး တို့ကို အဘယ်ကြောင့်အမျက် ထွက်တော်မူသနည်း။
Psalms 100:3ထာဝရဘုရား သည် ဘုရား သခင်ဖြစ်တော်မူသည် ဟု သိမှတ် ကြလော့။ ထာဝရ ဘုရားသည် ငါ တို့ကို ဖန်ဆင်း တော်မူ၍ ၊ ငါတို့၏အရှင် ဖြစ်တော်မူ၏။ ငါ တို့ သည်လည်း၊ ထာဝရ ဘုရား၏ လူ ဖြစ်ကြ၏။ အထံ တော်၌ ကျက်စား သော သိုးစု လည်း ဖြစ်ကြ၏။
Psalms 138:8ထာဝရဘုရား သည် ငါ ၏အမှု ကို ပြီးစီး စေတော်မူမည်။ အိုထာဝရဘုရား ၊ ကရုဏာ တော်သည် အစဉ် အမြဲတည် ပါသည်ဖြစ်၍၊ ကိုယ်တော် ၏ လက် နှင့်ပြုစုသော အမှု တို့ကို စွန့်ပစ် တော်မ မူပါနှင့်။
Isaiah 43:7ရှေး လူမျိုး ကို ငါ ခန့် ထားသည်မှစ၍ ၊ ငါ ကဲ့သို့ အဘယ်သူ သည် ဤအမှုတို့ကို ငါ့ အဘို့ ခေါ် ၍ ထုတ် ဘော် စီရင် နိုင်မည်နည်း။ ဖြစ် ဆဲသောအမှုနှင့် ဖြစ် လတံ့သော အမှုတို့ကို သူ တို့အား ဘော် ပြကြစေ။