Isaiah 66:1
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင် ရာခုံဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Samuel 7:5ငါ့ကျွန်ဒါဝိဒ်ထံသို့ သွားလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဘို့ အိမ်ကို ဆောက်ရမည်လော။
1 Kings 8:27သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်း ကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ် ရာရှိပါသနည်း။
2 Chronicles 2:5ငါတည်ဆောက်ရသော အိမ်တော်သည် ကြီးရ မည်။ ငါတို့ဘုရား သခင်သည် ဘုရားတကာတို့ထက် ကြီးမြတ်တော်မူ၏။
Psalms 11:4ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန် တော်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏။ မျက်စိတော်သည် ကြည့်ရှု ၍ မျက်ခမ်းတော်သည် လူသားတို့ကို စစ်တော်မူ၏။
Psalms 132:7ဘုံဗိမာန်တော်သို့ ဝင်၍၊ ခြေတော်တင်ရာ ခုံအောက်၌ ပြပ်ဝပ်ကိုးကွယ်ကြကုန်အံ့။
Jeremiah 7:4ဤသည်ကား၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်ဖြစ်သတည်းဟု မုသာ စကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။