ရှင်ယာကုပ်ဩဝါဒစာ 1:13
အပြစ် သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင် သည် ငါ့ကိုသွေးဆောင် တော်မူသည်ဟု မ ပြော စေနှင့်။ မ ကောင်းသောအရာသည် ဘုရားသခင် ကိုမ သွေးဆောင်နိုင် ရာ။ ကိုယ်တော်သည်လည်း အဘယ်သူ ကိုမျှ အပြစ်သို့ သွေးဆောင် တော်မမူ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 1
Cross References
Isaiah 63:17အိုထာဝရဘုရား ၊ ကိုယ်တော် ၏လမ်း မှ အကျွန်ုပ် တို့ကို အဘယ်ကြောင့် လွှဲ စေတော်မူသနည်း။ ကိုယ်တော်ကိုမကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ် တို့၏ စိတ်နှလုံး ကိုအဘယ်ကြောင့် ခိုင်မာ စေတော်မူသနည်း။ ကိုယ်တော် ၏ ကျွန်တို့အတွက်၊ အမွေ တော်ဖြစ်သောအနွှယ် တို့အတွက် ပြန်လာ တော်မူပါ။
Romans 9:19သို့ဖြစ်လျှင် ၊ ဘုရားသခင်သည်အဘယ်ကြောင့် အပြစ်တင် တော်မူသေး သနည်း။ အဘယ်သူ သည် အလို တော်ကို ဆီးတား ဘူးသနည်းဟု ဆို မည်လော။
James 1:12စုံစမ်းနှောင့်ရှက်ခြင်း ကို သည်းခံ သောသူ သည် မင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ စစ်ကြော စုံစမ်းခြင်းကို ခံ ပြီးမှသခင် ဘုရားကို ချစ် သော သူ တို့အား ဂတိ ထားတော်မူသောအသက် သရဖူ ကို ရ လိမ့်မည်။