ရှင်ယာကုပ်ဩဝါဒစာ 1:5
သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ပညာ ကိုလို လျှင် ၊ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ပြုတော်မ မူဘဲ၊ ခပ်သိမ်း သော သူတို့အား စေတနာ စိတ်နှင့် ပေး သနားတော်မူသော ဘုရားသခင် ကို တောင်း စေ၊ တောင်းလျှင် ရ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 1
Cross References
Exodus 31:6သူနှင့်အတူ ဒန် အမျိုးသား အဟိသမက် ၏သား ၊ အဟောလျဘ ကိုလည်း ငါခန့် ထား၏။ ငါသည် သင့် အား မှာ ထားသမျှ တို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ် တတ်မည်အကြောင်း ၊ သူတို့နှလုံး ထဲသို့ ဉာဏ် ပညာကို ငါသွင်း ထားပြီ။
1 Kings 3:7ယခု မှာ အကျွန်ုပ် ၏ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ကျွန် ကို အဘ ဒါဝိဒ် ၏ကိုယ်စား ရှင် ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ် သည် သူငယ် ဖြစ်ပါ၏။ ထွက် ဝင် ခြင်းငှါမ တတ်နိုင် ပါ။
2 Chronicles 1:10အကျွန်ုပ် သည် ဤ လူ တို့ရှေ့ မှာထွက် ဝင်နိုင် မည်အကြောင်း ဉာဏ် ပညာ ကို ပေး သနားတော်မူပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင်ပါမည်နည်းဟု တောင်း လျှောက်၏။
Proverbs 2:3သိပ္ပံ အတတ်ကို ခေါ် ၍ ၊ ဉာဏ် နောက်သို့ အသံ ကိုလွှင့် လျှင် ၎င်း၊
Proverbs 9:4ဉာဏ် တိမ်သောသူ သည် ဤ အရပ်သို့ဝင် စေ။ အိုပညာ မ ရှိသောသူ၊
Jeremiah 1:6ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် မ ဟော မပြောတတ်ပါ။ သူငယ် ဖြစ်ပါ၏ဟု လျှောက် လျှင် ၊