ရှင်ယာကုပ်ဩဝါဒစာ 2:6
သင် တို့သည် ဆင်းရဲ သောသူ ကို မထီမဲ့မြင် ပြုကြသည်တကား ။ ငွေရတတ် သော သူ တို့သည် သင် တို့ကို ညှဉ်းဆဲ နှိပ်စက်ကြသည်မ ဟုတ်လော။ တရား ပလ္လင် ရှေ့သို့ ဆွဲငင် ကြသည်မဟုတ်လော။
မြန်မာကျမ်းစာ
In The King James Version
But ye have despised the poor. Do not rich men oppress you, and draw you before the judgment seats?
In Context
7သင် တို့ကို သမုတ် သော နာမ တော်မြတ် ကို သူ တို့သည်ကဲ့ရဲ့ ကြသည်မ ဟုတ်လော။
Read all of ရှင်ယာကုပ်ဩဝါဒစာ 2
Cross References
Job 20:19ဆင်းရဲသား တို့ကို ညှဉ်းဆဲ စွန့်ပစ် ၍၊ မိမိ မ ဆောက် သော အိမ် ကို လုယူ သောကြောင့် ၎င်း၊
Psalms 10:8ရွာ အနားတွင် ပုန်း နေရာအရပ်မှာ ထိုင် ၍၊ အပြစ် မရှိသောသူကို ဆိတ်ကွယ် ရာအရပ်၌ သတ် တတ် ပါ၏။ ဆင်းရဲ သောသူ ကို ချောင်းမြောင်း တတ်ပါ၏။
Psalms 10:14သို့သော်လည်း ကိုယ်တော် သည် မြင် တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်း စေခြင်းနှင့် နှောင့်ရှက် စေခြင်း ကို လက်ဝါး တော်၌ မှတ်သား မည်ဟု ကြည့်ရှု တော်မူတတ်ပါ၏။ ဆင်းရဲ သောသူသည် ကိုယ်တော် ၌ ကိုယ်ကို အပ် တတ်ပါ၏။ ကိုယ်တော် သည် မိဘ မရှိသောသူ ၏ ခိုလှုံ ရာဖြစ် တော်မူ၏။
Psalms 14:6နှိမ့်ချလျက်ရှိသောသူ သည် ထာဝရဘုရား ကို ခိုလှုံ သောကြောင့်၊ သင်တို့သည် သူ ၏အကြံ အစည်ကို အရှက်ကွဲ စေတတ်ကြ၏။
Proverbs 17:5ဆင်းရဲသား တို့ကို မထီ လေးစားပြုသောသူသည် ဖန်ဆင်း တော်မူသောဘုရားကိုကဲ့ရဲ့ ၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက် တတ်သောသူသည် လည်း အပြစ်ဒဏ် နှင့် မ လွတ်ရ။
Ecclesiastes 5:8ကျေးရွာ ၌ ဆင်းရဲသား တို့ကို ညှဉ်းဆဲ ခြင်း၊ တရား လမ်း မှလွှဲ၍ ၊ မတရားသဖြင့် အနိုင်အထက်စီရင် ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိသည် ကို အံ့ဩ ခြင်းမ ရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံးသောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။