ရှင်ယာကုပ်ဩဝါဒစာ 5:12
ငါ့ ညီအစ်ကို တို့၊ ခပ်သိမ်း သောအမှုအရာတို့တွင် ကျိန်ဆို ခြင်းကိုသာ၍ရှောင် ကြလော့။ ကောင်းကင် ဘုံကို တိုင်တည် ၍ မ ကျိန်ကြနှင့်။ မြေကြီး ကိုတိုင်တည်၍ မ ကျိန်ကြနှင့်။ ထိုမှတပါး ၊ အဘယ် အကျိန်အားဖြင့်မျှ မ ကျိန်ကြနှင့်။ အပြစ် စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ သင် တို့စကားမှာ ၊ ဟုတ် သည်ကို အဟုတ် ၊ မ ဟုတ်သည်ကို မ ဟုတ်ဖြစ် စေကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
13သင် တို့တွင် ဆင်းရဲ ခံရသောသူ ရှိလျှင် ဆုတောင်း စေ။ ရွှင်လန်း သောသူ ရှိလျှင် ဆာလံသီချင်း ကိုဆို စေ။
Read all of ရှင်ယာကုပ်ဩဝါဒစာ 5
Cross References
Matthew 5:33တစ်ဖန်တုံ ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆို ခြင်းကိုမ ပြုရ။ ကျိန်ဆို ခြင်းကို ပြုသည်အတိုင်းထာဝရ ဘုရား ရှေ့တော်၌ တည်စေလော့ဟူသော ရှေး ပညတ် စကားကို သင်တို့ကြား ရပြီ။
1 Corinthians 11:34တစ်စုံတစ်ယောက် သောသူသည် ဆာမွတ် လျှင် ၊ သင်တို့သည် အပြစ် ခံလျက် မ စည်းဝေး စေခြင်းငှာ ထိုသူ သည် မိမိအိမ် ၌ စား စေ။ ကြွင်း သော အမှုများကို ငါ လာသောအခါ စီရင် မည်။
James 3:1ငါ့ ညီအစ်ကို တို့၊ ငါတို့သည်သာ၍ ကျပ်တည်းသော စစ်ကြော စီရင်ခြင်းကိုခံရ မည်ဟု သင်တို့သိ ၍ အများ သောဆရာ မ ဖြစ် ကြနှင့်။
3 John 1:2အချင်းချစ်သူ ၊ သင် ၏စိတ် နှလုံးသည် ကောင်းစား သကဲ့သို့ ၊ သင် သည်အရာရာ ၌ကောင်းစား ခြင်းနှင့် ကျန်းမာ ခြင်းရှိမည်အကြောင်း ငါဆုတောင်း ၏။