ရှင်ယာကုပ်ဩဝါဒစာ 5:17
ဧလိယ သည် ငါ တို့ကဲ့သို့လောကဓံ တရား၌ ကျင်လည်သောသူ ဖြစ် သော်လည်း ၊ မိုဃ်း မ ရွာမည် အကြောင်း အထူးသဖြင့်ဆုတောင်းသောအခါ၊ သုံး နှစ် နှင့် ခြောက် လ ပတ်လုံးမြေ ပေါ်သို့ မိုဃ်း မ ရွာဘဲနေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
18တဖန် ဆုတောင်း သောအခါ ၊ မိုဃ်းကောင်းကင် သည် မိုဃ်းရွာ စေ၏။ မြေကြီး သည်လည်း မိမိ အသီး ကိုသီး လေ၏။
Read all of ရှင်ယာကုပ်ဩဝါဒစာ 5
Cross References
1 Kings 17:1ဂိလဒ် ပြည် တိရှဘိ မြို့သားဧလိယ က၊ ငါကိုးကွယ် သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလ ပတ်လုံးမိုဃ်း မ ရွာ၊ နှင်း မကျရဟု အာဟပ် မင်းအား မြွက်ဆို ၏။
Luke 4:25ငါအမှန် ဆို ပြန်သည်ကား ၊ ပရောဖက် ဧလိယ လက်ထက် ၌ သုံး နှစ် နှင့် ခြောက် လ ပတ်လုံး မိုဃ်းခေါင် ၍၊ ပြည် နိုင်ငံတစ်လျှောက်လုံး အစာ အာဟာရအလွန် ခေါင်းပါးခြင်းရှိ သောအခါ ၊ ဣသရေလ အမျိုးဖြစ်သော မုဆိုးမ အများ ရှိ ကြ၏။
Acts 14:15အချင်းလူ တို့၊ အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။ ငါ တို့သည် သင် တို့ကဲ့သို့လောကဓံ တရား၌ ကျင်လည်သောသူ ဖြစ် ပါ၏။ သင် တို့သည် ဤ အချည်းနှီး သောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ မှစ၍ ၊ အသက် ရှင်တော်မူသော ဘုရားသခင့် ထံတော်သို့ ပြောင်းလဲ ရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြော ကြ၏။
Revelation 11:6ထိုသူ တို့သည် ပရောဖက် ပြုသော နေ့ရက် ကာလ၌ မိုဃ်း မ ရွာ စေခြင်းငှာ ၊ မိုဃ်း ကောင်းကင်ကို ပိတ် ရသောအခွင့် ၊ မြစ်ရေ၊ တွင်းရေ ကိုအသွေး ဖြစ် စေ ရသောအခွင့်၊ မိမိ တို့အလိုရှိသမျှသောအခါ ၌ ဘေး အမျိုးမျိုး ဖြင့် မြေကြီး ကို ဒဏ်ခတ် ရသော အခွင့် ကို ရ ကြ၏။