The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 10 › ယေရမိအနာဂတ္တိကျမ်း 10:16

ယေရမိအနာဂတ္တိကျမ်း 10:16

ယာကုပ်အမျိုး၏အဘို့သည် ထိုသို့သောအရာ နှင့် တူတော်မမူ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။

1835 Judson Burmese Bible

In The King James Version

The portion of Jacob is not like them: for he is the former of all things; and Israel is the rod of his inheritance: The LORD of hosts is his name.

In Context

15ထိုသို့သောအရာတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ လှည့်စားသောအရာလည်းဖြစ်ကြ၏။ စစ်ကြောခြင်းကို ခံရသည်ကာလ၌ ကွယ်ပျောက်ကြ လိမ့်မည်။

17အိုရဲတိုက်၌နေသောသူ၊ မြေပေါ်မှာရှိသော သင်၏ဥစ္စာပရိကံများကို စုသိမ်းလော့။

Read all of ယေရမိအနာဂတ္တိကျမ်း 10

Cross References

Exodus 34:9အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသော အမျိုးဖြစ်သော်လည်း၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကို လွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာတို့ သိမ်းယူတော် မူပါဟုလျှောက်လျှင်၊

Psalms 16:5ထာဝရဘုရားသည် ငါအမွေခံရာအဘို့၊ ငါ စားသောက်ရာအဘို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။

Psalms 73:26အကျွန်ုပ်၏အသားနှင့် နှလုံးသည် ပျက်ကြပါ ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ၏။

Psalms 119:57အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ အဘို့ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။

Psalms 142:5အိုထာဝရဘုရား၊ ကိုယ်တော်ကိုအော်ဟစ်ပါ၏။ အသက်ရှင်သောသူတို့၏ နေရာ၌ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ အကျွန်ုပ်ခံစားရာအဘို့ ဖြစ်တော်မူ၏။

Isaiah 19:25ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက လည်း၊ ငါ၏ လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိ အမျိုး၊ငါ၏ အမွေဥစ္စာဖြစ်သော ဣသရေလအ မျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးပေး တော် မူလိမ့် မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 10:16

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 10:15ယေရမိအနာဂတ္တိကျမ်း 10ယေရမိအနာဂတ္တိကျမ်း 10:17 →