ယေရမိအနာဂတ္တိကျမ်း 10:24
အို ထာဝရဘုရား၊ အကျွန်ုပ်ကို ဆုံးမတော်မူ လျှင်၊ အကျိုးနည်းစေခြင်းငှါ အမျက်ထွက်တော်မမူပါနှင့်။ တရားတော်အတိုင်းသာ ဆုံးမတော်မူပါ။
1835 Judson Burmese Bible
In The King James Version
O LORD, correct me, but with judgment; not in thine anger, lest thou bring me to nothing.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 10
Cross References
Job 6:18ထိုရေစီးသောချောင်းတို့သည် လွဲသွား၍ တရွေ့တရွေ့ ကွယ်ပျောက်တတ်ကြ၏။
Psalms 6:2အိုထာဝရဘုရား၊ အကျွန်ုပ်သည် ခွန်အားနည်း လှပါ၏။ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိ ရှိစေတော်မူပါ။
Isaiah 28:28ဂျုံစပါးကိုကား နယ်တတ်၏။ သို့သော်လည်း၊ အ စဉ်နယ်တတ်သည်မဟုတ်။ လှည်းဘီးနှင့် မြင်းတို့ကို နှင် သော်လည်း၊ စပါးကို ညက်စေတတ်သည်မဟုတ်။
Isaiah 41:11သင်၌အမျက်ထွက်သော သူတို့သည် ရှက် ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်း ရှိကြလိမ့်မည်။ သင်၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
Habakkuk 3:2အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ဗျာဒိတ်တော်သံကို ကြား၍ ကြောက်ရွံ့ပါပြီ။ အိုထာဝရ ဘုရား၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင် တော်မူပါ။ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူ ပါ။ အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့တော်မူပါ။