ယေရမိအနာဂတ္တိကျမ်း 12:17
သို့မဟုတ်၊ နားမထောင်ဘဲနေလျှင်၊ နား မထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနှုတ်ပယ် ဖျက် ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
But if they will not obey, I will utterly pluck up and destroy that nation, saith the LORD.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 12
Cross References
Isaiah 41:11သင်၌အမျက်ထွက်သော သူတို့သည် ရှက် ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်း ရှိကြလိမ့်မည်။ သင်၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
Jeremiah 12:14ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေး သနား၍၊ ငါ၏လူ ဣသရေလအမျိုးပိုင်ထိုက်သော အမွေ ကို ထိခိုက်သော၊ ငါ၏အိမ်နီးချင်းဆိုးအပေါင်းတို့ကို၊ သူတို့ ပြည်ထဲက ငါနှုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည်။
Jeremiah 31:28ငါသည် သူတို့ကို နှုတ်ပယ်ဖြိုချမှောက်လှန် ဖျက်ဆီးညှဉ်းဆဲခြင်းအမှုကို ပြုဘူးသည်နည်းတူ၊ တဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော် မူ၏။
Daniel 7:4ငါ ကြည့်ရှု၍ နေစဉ်၊ သူ၏အတောင်ကို နှုတ်ကြ၏။ မြေမှ ကိုယ်ကို ချီကြွလျက် လူကဲ့သို့ ခြေဖြင့် မတ်တပ်ရပ်၍၊ လူစိတ်သဘောကိုလည်း ရ၏။ ဒုတိယ သားရဲသည် ဝံနှင့်တူ၏။
Micah 5:14အာရှရပင်တို့ကိုလည်း သင့်အလယ်၌ ငါနှုတ်၍၊ သင်၏မြို့တို့ကိုလည်း ငါဖျက်ဆီးမည်။
Luke 19:27ထိုမှတပါး ငါ၏အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာ သတ်ကြဟု စီရင် တော်မူသည်ဟု မိန့်တော်မူ၏။