ယေရမိအနာဂတ္တိကျမ်း 12:2
ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့်၊ သူတို့သည် အမြစ်ကျ၍ ကြီးပွါးလျက် အသီးကို သီးကြ ပါ၏။ ကိုယ်တော်သည် သူတို့နှုတ်နှင့် နီး၍ နှလုံးနှင့် ဝေးတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 12
Cross References
Job 24:12လူတို့သည်မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ။
Isaiah 29:13ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ် နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏။
Jeremiah 11:17ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဗာလ ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့၍၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ မိမိတို့အဘို့ မကောင်းသောအမှုကို ပြုသောကြောင့်၊ သင့်ကိုစိုက်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ သင်၌အမှုရောက် မည် အကြောင်းမိန့်တော်မူပြီ။
Ezekiel 17:5မျိုးစေ့ကိုလည်းယူ၍ ရေများရာလယ်ကွက်၌ ပျိုးလျက်၊ မိုဃ်းမခပင်ကဲ့သို့ ထားလေ၏။
Ezekiel 33:31ငါ၏လူကဲ့သို့ သင့်ထံသို့လာ၍၊ ငါ၏လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက်၊ သင်၏စကားကိုကြာသော်လည်း၊ နားမထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာကို နှုန်နှင့်ပြသော်လည်း၊ စိတ်နှလုံးမူကား လောကီ ဥစ္စာကိုစွဲလမ်းလျက်ရှိ၏။
Matthew 15:8လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု