ယေရမိအနာဂတ္တိကျမ်း 13:17
သင်တို့သည် နား မ ထောင်ဘဲနေလျှင် မူကား ၊ သင်တို့မာန ကြောင့် ၊ ငါ့ စိတ် ဝိညာဉ်သည် မ ထင်ရှားသော အရပ်၌ ငိုကြွေး မည်။ ထာဝရဘုရား ၏ သိုးစု ကို သိမ်း သွားသောကြောင့် ၊ ငါ့ မျက်စိ လည်း အလွန် ငို ၍ မျက်ရည် ကျ မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 13
Cross References
1 Samuel 15:11ငါသည် ရှောလု ကို ရှင်ဘုရင် အရာ ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ ၏။ သူသည် ငါ ၏ ပညတ် တို့ကို မ ကျင့် ၊ ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲပြီဟု မိန့် တော်မူ၏။ ရှမွေလ သည် ဝမ်းနည်း ၍ တညဉ့်လုံး ထာဝရဘုရား အား ဟစ်ကြော် ပြီးလျှင်၊
Psalms 80:1သိုးစု ကို ပို့ဆောင် သကဲ့သို့ ယောသပ် အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလ သိုးထိန်း ကြီး၊ နားထောင် တော်မူပါ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူသော ဘုရား၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။
Isaiah 63:11ထိုအခါ ထာဝရ ဘုရား၏ လူ တို့သည် ရှေး ကာလ ၊ မောရှေ ၏ကာလကို အောက်မေ့ ကြ၏။ မိမိ လူ တို့ ကို သိုးထိန်း နှင့် တကွပင်လယ် ထဲက ထုတ် ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိ လူတို့အထဲ ၌ သန့်ရှင်း သော ဝိညာဉ် တော်ကို သွင်း လျက်၊
Jeremiah 13:19တောင် ဘက် မြို့ တို့ကို ပိတ် ထား၍ အဘယ်သူ မျှ မဖွင့် ရ။ ယုဒ ပြည်သူပြည်သားအပေါင်း တို့ကို သိမ်းသွား ကြပြီ။ အကုန် အစင်သိမ်းသွား ကြပြီ။
Jeremiah 17:16အကျွန်ုပ် သည် နောက် တော်သို့ လိုက်သော ဆရာ ၏အရာကို မ ရှောင် ပါ။ အမင်္ဂလာ နေ့ ကို မ တောင့်တ ပါ။ အကျွန်ုပ် ဟော ပြောချက်ကို ကိုယ်တော် သိ တော်မူ ၏။ ကိုယ်တော် မျက်မှောက် ၌ ရှိ ပါ၏။
Jeremiah 23:1ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ့ ထံမှာကျက်စား သော သိုး တို့ကို ဖျက်ဆီး ၍ ၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်း တို့သည် အမင်္ဂလာ ရှိကြ၏။