The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 14 › ယေရမိအနာဂတ္တိကျမ်း 14:17

ယေရမိအနာဂတ္တိကျမ်း 14:17

သင်သည်လည်း သူတို့အား ပြောရမည့်စကား ဟူမူကား၊ ငါသည် နေ့ညဉ့်မပြတ် မျက်ရည်ကျရမည်။ ငါ၏လူမျိုးသတို့သမီးသည် အလွန်ပြင်းစွာသော ဒဏ် ချက်ကို ခံရ၍ အရိုးများကျိုးလေပြီ။

1835 Judson Burmese Bible

In The King James Version

Therefore thou shalt say this word unto them; Let mine eyes run down with tears night and day, and let them not cease: for the virgin daughter of my people is broken with a great breach, with a very grievous blow.

In Context

16သူတို့၏ တရားနာပရိသတ်တို့သည် ကိုယ်တိုင်မှ စ၍၊ မယား သားသမီးတို့နှင့်တကွ မွတ်သိပ်ခြင်းဘေး၊ ထားဘေးကြောင့်၊ ယေရုရှလင်မြို့လမ်းထဲသို့ ပစ်ချခြင်းကို ခံရ၍၊ အဘယ်သူမျှ မသင်္ဂြိုဟ်ရ။ သူတို့၏အပြစ်ကို သူတို့ အပေါ်သို့ ငါညွန်းလောင်းမည်။

18ငါသည်မြို့ပြင်သို့သွားသောအခါ၊ သတ်သော အသေကောင်များကို တွေ့ရ၏။ မြို့ထဲသို့ဝင်သောအခါ၊ ငတ်မွတ်၍ နာကျင်စွာခံရသော သူများကိုလည်း တွေ့ရ ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှု ကိုမျှမသိဘဲ အရပ်ရပ်လှည့်လည်ကြ၏။

Read all of ယေရမိအနာဂတ္တိကျမ်း 14

Cross References

Psalms 80:4ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်၏ လူတို့ပြုသော ပဌနာစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။

Isaiah 37:22ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူ သော စကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ်၏။ ယေရုရှလင်သတို့သမီး သည် သင့်နောက်၌ ခေါင်းညှိတ်၏။

Jeremiah 8:21ငါ၏လူမျိုးသတို့သမီးသည် နာသောကြောင့်၊ ငါလည်းနာရ၏။ ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက်နေရ၏။

Jeremiah 10:19ငါသည် ချိုးဖျက်ခြင်းကိုခံရသောကြောင့် အမင်္ဂလာရှိ၏။ ငါ့အနာ ပြင်းလှ၏။ သို့သော်လည်း၊ ငါတွေ့သော ဤဒုက္ခဝေဒနာကို ဆက်ဆက်ခံရမည်ဟု ငါဆို၏။

Jeremiah 30:14သင်၏မိတ်ဆွေရှိသမျှတို့သည် သင့်ကို မေ့လျော့ ၍ မမေးမရှာဘဲနေကြ၏။ သင့်အပြစ်သည် ကြီး၍၊ သင်ပြုသော ဒုစရိုက်သည် များပြားသောကြောင့်၊ ရန်သူ ပေးတတ်သော အနာနှင့်သင့်ကို ငါနာစေပြီ။ ကြမ်းတမ်း သောသူ ပေးတတ်သော ဒဏ်ကို ငါပေးပြီ။

Lamentations 2:11ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက် ခြင်းရှိ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌အား ပျက်လျက်နေကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 14:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 14:16ယေရမိအနာဂတ္တိကျမ်း 14ယေရမိအနာဂတ္တိကျမ်း 14:18 →