ယေရမိအနာဂတ္တိကျမ်း 15:1
တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ မောရှေနှင့်ရှမွေလသည် ငါ့ရှေ့မှာ ဆုတောင်း သော်လည်း၊ ဤလူမျိုးကို ငါမသနား။ ငါ့ထံမှ ထွက်သွား စေခြင်းငှါ နှင်ထုတ်လော့။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 15
Cross References
Genesis 19:27နံနက်စောစော အာဗြဟံသည် ထ၍၊ ထာဝရ ဘုရားရှေ့တော်၌ ရပ်နေသော အရပ်သို့ သွားပြီးလျှင်၊
Numbers 14:13မောရှေကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို တန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့ထဲက နှုတ်ဆောင်ခဲ့ တော်မူသည်ဖြစ်၍၊ နောက်တဖန် ဤသိတင်းကို အဲဂုတ္တု လူတို့သည် ကြားပြန်လျှင်၊
1 Samuel 7:9ရှမွေလသည်လည်း နို့စို့သိုးသငယ်ကိုယူ၍ ထာဝရဘုရားအား တကောင်လုံး မီးရှို့ရာယဇ်ပူဇော်လျက်၊ ဣသရေလအမျိုးအဘို့ ဆုတောင်း၍ ထာဝရဘုရား နားထောင်တော်မူ၏။
2 Kings 17:20ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး ရှိသမျှကို ရွံရှာ၍ မျက်မှောက်တော်မှ မနှင်ထုတ်မှီ တိုင်အောင် ဒဏ်ခတ်တော်မူ၏။ လုယက်သော သူတို့ လက်၌အပ်တော်မူ၏။
Psalms 106:23ထိုအခါ ရွေးကောက်တော်မူသော မောရှေသည် အမျက်တော်ကို လွှဲ၍၊ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေ ခြင်းငှါ၊ ဖျက်ဆီးရာအရပ်၊ ရှေ့တော်၌ မရပ်လျှင်၊ သူတို့ကို ဖျက်ဆီးမည်ဟု အကြံရှိတော်မူ၏။
Jeremiah 7:15သင်တို့ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင့်ထုတ်သကဲ့သို့၊ သင်တို့ကို ငါ့ထံမှ ငါနှင့်ထုတ်မည်။