ယေရမိအနာဂတ္တိကျမ်း 16:13
သင် တို့နှင့် သင် တို့၏ ဘိုးဘေး မ သိ သောပြည် သို့ ဤ ပြည် ထဲက သင် တို့ကို ငါနှင် လိုက်မည်။ ထိုပြည်၌ သင် တို့သည် ငါ၏ကျေးဇူး ကိုမ ခံရ ။ အခြားတပါးသော ဘုရား တို့ကို နေ့ ညဉ့် မပြတ် ဝတ်ပြု ရကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 16
Cross References
Leviticus 18:27သင် တို့မူကား ၊ ငါ့ စီရင်ထုံးဖွဲ့ ချက်တို့ကို စောင့်ရှောက် ရကြမည်။ ထိုပြည် သည်သင် တို့ရှေ့ ၌ရှိသော လူအမျိုးမျိုး တို့ကို အော့အန် သကဲ့သို့ တဖန်ညစ်ညူး ခြင်းကိုခံ၍ ၊ သင် တို့ကို မ အော့အန် စေခြင်းငှါ ၊ ကိုယ်အမျိုးသား ဖြစ်စေ ၊ သင် တို့တွင် တည်းနေ သောတပါးအမျိုးသား ဖြစ်စေ၊ ထိုသို့သော ရွံ့ရှာဘွယ် အမှုတို့ကိုမ ပြု ရ။ သင် တို့ရှေ့ ၌ ရှိသော ပြည်သား တို့သည်၊ ထိုသို့သော ရွံ့ရှာဘွယ် အမှုတို့ကိုပြု သောအားဖြင့် သူတို့ပြည် သည်ညစ်ညူး ခြင်းရှိ၏။
Deuteronomy 4:28ထို အရပ်တို့၌၊ လူ လက် ဖြင့်လုပ် ၍ မ မြင် နိုင်၊ မ ကြား နိုင်၊ မ စား နိုင်၊ မ နမ်း နိုင်သော သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို သင်တို့သည် ဝတ်ပြု ရကြလိမ့်မည်။
Deuteronomy 28:63သင့် ကို ကျေးဇူး ပြု၍ များပြား စေသောအမှု၌ ထာဝရဘုရား ပျော်မွေ့ တော်မူသည်နည်းတူ ၊ တဖန် သင့် ကို ဖျက်ဆီး ၍ အကျိုး နည်းစရာအမှု၌ ပျော်မွေ့ တော်မူသဖြင့် ၊ သင်သွား၍ ဝင်စား လတံ့သော ပြည် ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
Deuteronomy 30:17သို့မဟုတ်သင့် နှလုံး လွဲ သွားသဖြင့် ၊ သင်သည် နား မ ထောင်ဘဲ သူတပါး သွေးဆောင် ရာသို့ လိုက်၍ ၊ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကိုးကွယ်လျှင်၊
2 Kings 25:21ဗာဗုလုန် ရှင် ဘုရင်သည် ဟာမတ် ပြည် ရိဗလ မြို့ ၌ ထိုသူ တို့ကို ဒဏ် ပေး၍ ကွပ်မျက် လေ၏။ ထိုသို့ ယုဒ အမျိုးသည် မိမိ ပြည် မှ သိမ်းသွား ခြင်းကို ခံရသတည်း
Psalms 81:12ငါသည်လည်း ထိုသူ တို့ကို သူ တို့ နှလုံး ခိုင်မာ ခြင်း၌ အပ် ၍၊ သူတို့သည် မိမိ တို့အလို သို့ လိုက် ကြ၏။