ယေရမိအနာဂတ္တိကျမ်း 17:14
အို ထာဝရဘုရား၊ အကျွန်ုပ်၏ အနာကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် အနာငြိမ်းပါလိမ့် မည်။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ် ချီးမွမ်းရာဖြစ်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
Heal me, O LORD, and I shall be healed; save me, and I shall be saved: for thou art my praise.
In Context
15ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း။ ယခုလာပါစေတော့ဟု ဤသူတို့ သည် အကျွန်ုပ်အား ဆိုတတ်ကြပါ၏။
Read all of ယေရမိအနာဂတ္တိကျမ်း 17
Cross References
Deuteronomy 32:39ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်း ကို၎င်း၊ ငါမှတပါး အခြားသောဘုရားမရှိကြောင်းကို၎င်း ကြည့်ရှုကြလော့။ ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်း ငှါ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။
Psalms 6:3အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန်တုန်လှုပ်ပါ ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်မျှကာလ ပတ်လုံးနေတော်မူမည်နည်း။
Psalms 12:4ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့် မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆို သော သူတို့၏ ချော့မော့သော နှုတ်ခမ်းနှင့် ဝါကြွားသော လျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။
Psalms 106:47အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ သန့်ရှင်းသော နာမတော်၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါ ၏ဟု အကျွန်ုပ်တို့သည် ဝန်ခံ၍၊ ကိုယ်တော်ကို ချီးမွမ်း ခြင်း၌ ဝါကြွားဝမ်းမြောက်မည်အကြောင်း၊ အကျွန်ုပ်တို့ကို ကယ်တင်လျက်၊ တပါးအမျိုးသားတို့အထဲက နှုတ်ယူ၍ စုသိမ်းတော်မူပါ။
Psalms 119:94အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေသများကို ရှာဖွေလိုက်စစ်သော ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
Isaiah 6:10သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင်၊ သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့ နားကိုလည်း ထိုင်းစေလော့။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။