ယေရမိအနာဂတ္တိကျမ်း 17:21
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဥပုသ် နေ့ ၌ ဝန် ကိုမ ထမ်းမရွက် ၊ ယေရုရှလင် မြို့တံခါး ဖြင့် မဆောင် မသွင်းမည်အကြောင်း ၊ သတိ ပြုကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 17
Cross References
Numbers 15:32ဣသရေလ အမျိုးသား တို့သည် တော ၌ ရှိ ကြ သောအခါ ၊ တနေ့သောဥပုသ် နေ့ ၌ ထင်းခွေ သောသူ တယောက်ကို တွေ့ လေ၏။
Deuteronomy 4:15ဟောရပ် အရပ်၌ ထာဝရဘုရား သည် မီး ထဲက သင် တို့အား မိန့် မြွက်တော်မူသောအခါ၊ မည်သည့် အဆင်း သဏ္ဍာန်ကိုမျှ မ မြင် ရသည်ဖြစ်၍၊
Deuteronomy 11:16သင် တို့သည် မိစ္ဆာဒိဌိ အယူကိုစွဲ၍ လမ်းမလွဲ ၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ၊ ကိုးကွယ် ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း ၊ ကိုယ် ကိုကိုယ်သတိ ပြုကြ လော့။
Nehemiah 13:15ထို ကာလ ၊ ယုဒ ပြည်မှာ အချို့တို့သည် ဥပုသ် နေ့၌ စပျစ်သီး ကို နယ်လျက်၊ ကောက် လှိုင်းကိုသွင်း လျက်၊ မြည်း ပေါ် မှာ ဝန် ကိုတင်လျက် လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ် နေ့ ၌ စပျစ်ရည် ၊ စပျစ်သီး ၊ သင်္ဘောသဖန်း သီးအစရှိသည်တို့ကိုတင်၍ ယေရုရှလင် မြို့သို့ ဆောင် ခဲ့ကြသည် ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ ရက်၌ သာ စားစရာ များကို ရောင်း အပ်သည်ဟု သူ တို့အကြား ပြော ၏။
Proverbs 4:23နှလုံး သည်အသက် ၏အခြေ အမြစ် ဖြစ်သောကြောင့် ၊ သင် ၏နှလုံး ကို အထူးသဖြင့်စောင့်ရှောက် လော့။
Jeremiah 17:22ဥပုသ် နေ့ ၌ သင် တို့အိမ် ထဲက ဝန် ကို မထုတ် မ ဆောင်ကြနှင့်။ အဘယ် အလုပ်ကိုမျှမ လုပ် ကြနှင့်။ သင် တို့ဘိုးဘေး များကို ငါမှာ ထားသည်အတိုင်း ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေကြလော့။