The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 17 › ယေရမိအနာဂတ္တိကျမ်း 17:25

ယေရမိအနာဂတ္တိကျမ်း 17:25

ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်၊ မင်းသားမှစ၍ သူတို့မှူးမတ်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများ သို့ ဝင်လျက်ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ်အမြဲ တည်လိမ့်မည်။

1835 Judson Burmese Bible

In The King James Version

Then shall there enter into the gates of this city kings and princes sitting upon the throne of David, riding in chariots and on horses, they, and their princes, the men of Judah, and the inhabitants of Jerusalem: and this city shall remain for ever.

In Context

24ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ သည် ဥပုသ်နေ့၌ ဤမြို့တံခါးဖြင့် ဝန်ကို မသွင်းမဆောင်၊ အဘယ်အလုပ်ကိုမျှမလုပ်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည် တိုင်အောင်၊ ငါ့စကားကို စေ့စေ့နားထောင်လျှင်၊

26မီးရှို့ရာယဇ်မှစ၍ အခြားသော ယဇ်များ၊ ပူဇော်သက္ကာများ၊ မီးရှို့ ရာနံ့သာပေါင်း၊ ချီးမွမ်းရာ ယဇ်တို့ကို ထာဝရဘုရား၏ အိမ်တော်သို့ ဆောင်ခဲ့သော သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင် အရပ်များ၊ ဗင်္ယာမိန်ပြည်၊ မြေညီခရိုင်၊ တောင်ရိုးခရိုင်၊ တောင်မျက်နှာ ခရိုင်မှလာကြလိမ့်မည်။

Read all of ယေရမိအနာဂတ္တိကျမ်း 17

Cross References

Exodus 12:14ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဘို့ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရားအား ပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကို အစဉ်အမြဲ ခံရကြမည်။

1 Samuel 8:11သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်၏ ထုံးစံဟူမူကား၊ သင်တို့သားများကိုယူ၍ မိမိရထားထိန်း၊ မြင်း ထိန်းအရာ၌ ခန့်ထား၍၊ အချို့တို့သည်လည်း သူ၏ရထားရှေ့မှာ ပြေးရကြမည်။

2 Samuel 8:4ရထားတထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲနှစ်သောင်းကို ဘမ်းဆီး၍ ရထားတရာတို့ကိုသိမ်းထားပြီးမှ၊ အခြားသောမြင်းရထားရှိုသမျှတို့ကို ဖျက်ဆီးလေ၏။

Psalms 89:29သူ၏ အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေ မည်။ သူ၏ပလ္လင်သည် ကောင်းကင်ကလာကဲ့သို့ နိစ္စ ထာဝရဖြစ်လိမ့်မည်။

Isaiah 9:7ဒါ့ဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။

Jeremiah 7:7သင်တို့ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ် ပေးသော ပြည်တည်းဟူသော ဤအရပ်ဌာန၌ သင်တို့ကို ငါနေစေမည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 17:25

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 17:24ယေရမိအနာဂတ္တိကျမ်း 17ယေရမိအနာဂတ္တိကျမ်း 17:26 →