ယေရမိအနာဂတ္တိကျမ်း 18:23
အို ထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ၊ သူတို့ ကြံစည်သမျှကို ကိုယ်တော်သိတော် မူ၏။ သူတို့ကို အပြစ်မှလွှတ်တော် မမူပါနှင့်။ မျက်မှောက် တော်၌ သူတို့အပြစ်ကို ချေတော်မမူပါနှင့်။ ရှေ့တော်၌ ဆုံးရှုံးကြပါစေသော။ အမျက်တော်ထွက်သောအခါ၊ သူတို့ကို စီရင်တော်မူပါ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 18
Cross References
Psalms 35:4အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။
Psalms 56:8အကျွန်ုပ်သည် အရပ်ရပ်လည်ရသော အခြင်း အရာတို့ကို ကိုယ်တော်မှတ်၍ အကျွန်ုပ်မျက်ရည်တို့ကို ဘူးတော်ထဲမှာ ထည့်တော်မူပါ။ စာရင်းတော်၌ ရှိပါသည် မဟုတ်လော။
Psalms 69:22သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်၎င်း၊ ခံထိုက်သောအပြစ်သော်၎င်း၊ ထောင်ချောက်သော် ၎င်း ဖြစ်ပါစေ။
Isaiah 2:9ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။
Jeremiah 8:12သူတို့သည် ရွံရှာ ဘွယ်သောအမှုကို ပြုပြီးမှ ရှက်ကြ သလော။ အလျှင်းမရှက်ကြ။ မျက်နှာမပျက်တတ်ကြ။ ထိုကြောင့်၊ တယောက်နောက် တယောက်လဲကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Jeremiah 11:23တစုံတယောက်မျှ မကြွင်းရ။ ထိုသို့စစ်ကြောရာ ကာလတည်းဟူသော ဘေးဥပဒ်ကို အာနသုတ်မြို့သား တို့အပေါ်သို့ ငါသက်ရောက်စေမည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။