ယေရမိအနာဂတ္တိကျမ်း 19:2
ဟရသိတ်တံခါးပြင်၊ ဟိန္နုံသား၏ ချိုင့်သို့သွား၍၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကား ဟူမူကား၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 19
Cross References
Joshua 15:8ဟိန္နုံသား၏ချိုင့်နား ယေရုရှလင်မြို့ရာ ယေဗု သိအရပ် တောင်ဘက်နားမှာရှောက်၍ ဟိန္နုံချိုင့်အ နောက်၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ပေါ်သို့ တက်လေ၏။
2 Chronicles 28:3ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသောတပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ ဟိန္နုံသားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့၍၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။
Nehemiah 3:29သူတို့နောက်မှ၊ ဣမေရသား ဇာဒုတ်သည် မိမိအိမ် တဘက်တချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနို သား၊ အရှေ့တံခါးမှူး ရှေမာယ ပြင်၏။
Jeremiah 1:7ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည် သူငယ် ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင်ကို ငါ စေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင် စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။
Jeremiah 7:2ထာဝရဘုရားကို ကိုးကွယ်ခြင်းငှါ၊ ဤတံခါးတို့ အတွင်းသို့ ဝင်သောယုဒအမျိုးသား အပေါင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
Jeremiah 11:6ထာဝရဘုရားကလည်း၊ သင်သည် ယုဒမြို့များ နှင့် ယေရုရှလင် မြို့လမ်းများတို့၌ ဟစ်ကြော်ရမည်စကား ဟူမူကား၊ သင်တို့သည် ဤပဋိညာဉ်စကားကို နားထောင် ၍ ကျင့်ကြလော့။