ယေရမိအနာဂတ္တိကျမ်း 2:18
ယခုမှာ သင်သည် ရှိဟောရမြစ်ရေကို သောက် အံ့သောငှါ၊ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့် လိုက် သနည်း။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှါ၊ အာရှုရိ လမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 2
Cross References
Joshua 13:3အဲဂုတ္တုပြည်အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန်မြို့နယ်တိုင်အောင်၊ ခါနနိလူနေသော ပြည်၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ၊ အာဇော တိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊
2 Chronicles 28:16ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ ကူမစေခြင်းငှါ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ၏။
Isaiah 23:3များသောရေကို အမှီပြုသော ရှိဟောရ မျိုးစေ့၊ မြစ်၏ အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေးဖြစ်လေပြီ။
Isaiah 30:2ဖာရောဘုရင်၏ ဘုန်းကိုအမှီပြု၍၊ အဲဂုတ္တုအ ရိပ်ကို ခိုလှုံခြင်းငှါ၊ ငါ့နှုတ်ထွက်ကို အခွင့်မပန်ဘဲ၊ အဲဂုတ္တု ပြည်သို့ ရောက်အောင် သွားကြ၏။
Jeremiah 2:36သင်သည် အရပ်ရပ်သို့ ပြောင်းလဲခြင်းငှါ၊ အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သနည်း။ အာရှုရိပြည်ကို ရှက်ကြောက်သည်နည်းတူ၊ အဲဂုတ္တုပြည် ကို ရှက်ကြောက်လိမ့်မည်။
Jeremiah 37:5ယေရုရှလင်မြို့ကို ပိုင်းသော ခါလဒဲလူတို့သည်၊ အဲဂုတ္တုပြည်မှ ဖာရောဘုရင်၏ ဗိုလ်ခြေများစစ်ချီ၍ လာကြောင်းကို ကြားလျှင်၊ ထိုမြို့မှ ထွက်သွားကြပြီ။