The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 22 › ယေရမိအနာဂတ္တိကျမ်း 22:3

ယေရမိအနာဂတ္တိကျမ်း 22:3

ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရား သဖြင့် စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲသော သူ၏လက်မှကယ်နှုတ် ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသော သူတို့ကို ဤအရပ်၌မကွပ်မျက်ကြနှင့်။

1835 Judson Burmese Bible

In The King James Version

Thus saith the LORD; Execute ye judgment and righteousness, and deliver the spoiled out of the hand of the oppressor: and do no wrong, do no violence to the stranger, the fatherless, nor the widow, neither shed innocent blood in this place.

In Context

2ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ယုဒရှင်ဘုရင်၊ သင့်ကိုယ်တိုင်မှစ၍ သင်၏ကျွန်များနှင့်၊ ဤမြို့တံခါးတို့ဖြင့် ဝင်သော သင်၏လူများတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။

4အကြောင်းမူကား၊ သင်တို့သည် ဤပညတ်တော် အတိုင်း အမှန်ပြုလျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ် မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန် များ၊ နိုင်ငံတော်သားများနှင့်တကွ၊ ဤနန်းတော်တံခါးများ ကို ထွက်ဝင်ရကြလိမ့်မည်။

Read all of ယေရမိအနာဂတ္တိကျမ်း 22

Cross References

Exodus 22:22မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို သင်တို့သည် မနှောင့်ရှက်ရ။

Leviticus 19:15တရားတွေ့သည်အမှုမှာ မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကို မထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည်။

Deuteronomy 16:18သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောမြို့ ရှိသမျှတို့တွင်၊ တရားသူကြီး၊ အရာရှိတို့ကို သင့်နေရာခရိုင်များ၌ အနှံ့အပြား ခန့်ထားရမည်။ သူတို့ သည်၊ လူမျိုးတို့တွင် တရားမှုကို တရားသဖြင့် စီရင်ရကြ မည်။

Deuteronomy 24:7လူသည် မိမိအမျိုးသားချင်းဖြစ်သော ဣသရေ လအမျိုးသားကို ခိုး၍ ကျွန်အရာ၌ ထားသည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ ထိုသူခိုးကို တွေ့မိလျှင် အသေသတ် ရမည်။ သင်တို့တွင် ဒုစရိုက်အပြစ်ကို ထိုသို့ ပယ်ရှားရကြ မည်။

Deuteronomy 25:1လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူ ကို အပြစ်လွတ်စေခြင်းငှာ၎င်း၊ ဆိုးသောသူကို အရှုံးခံ စေခြင်းငှာ၎င်း စီရင်ရမည်။

2 Samuel 23:3ဣသရေလအမျိုး၏ ဘုရားသခင်၊ ဣသရေလ အမျိုး၏ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည် ကား၊ လူတို့ကို အုပ်စိုးသော သူသည်တရားသဖြင့် စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 22:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 22:2ယေရမိအနာဂတ္တိကျမ်း 22ယေရမိအနာဂတ္တိကျမ်း 22:4 →