ယေရမိအနာဂတ္တိကျမ်း 23:32
မှားသာအိပ်မက်ကိုဟောပြော၍၊ မုသာစကား နှင့် အချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကို ငါမစေလွှတ်၊ မမှာထားသောကြောင့်၊ ဤလူမျိုး သည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 23
Cross References
Deuteronomy 13:1သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊
Isaiah 3:12ငါ၏လူများကိုကား၊ သူငယ်တို့သည် ညှဉ်းဆဲကြ ၏။ မိန်းမတို့သည်လည်း အုပ်စိုးကြ၏။ ငါ၏လူများတို့၊ သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွဲစေကြ၏ သင်တို့သွားသော လမ်းခရီးကိုလည်း ဖျက်ကြ၏။
Jeremiah 23:13ရှမာရိပြည်သား ပရောဖက်တို့၌လည်း၊ မိုက် သောသဘောကို ငါမြင်ပြီ။ သူတို့သည် ဗာလဘုရားကို မှီဝဲ၍ ပရောဖက်ပြုသဖြင့်၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်းစေကြပြီ။
Jeremiah 23:21ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြ ပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။
Jeremiah 27:14သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အား ဟောပြောသောပရောဖက်တို့၏ စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ်ကြ၏။
Jeremiah 29:21ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏နာမကို အမှီပြု၍ သင်တို့အား မုသားစကားကို ဟောပြောသော၊ ကောလာယသား အာဟပ်နှင့် မာသေယသား ဇေဒကိတို့ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ ငါအပ်၍၊ ထိုမင်းသည် သူတို့ကို သင်တို့မျက်မှောက်၌ သတ်လိမ့်မည်။