ယေရမိအနာဂတ္တိကျမ်း 25:15
ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ မခံယူ လော့။ ငါသည်သင့်ကို စေလွှတ်သော လူမျိုးအပေါင်း တို့ကို သောက်စေလော့။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 25
Cross References
Psalms 11:6မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍၊ သူတို့သောက်စရာဘို့ စီရင်တော် မူမည်။
Psalms 75:9ငါမူကားအစဉ်မပြတ်ချီးမွမ်း၍၊ ယာကုပ်အမျိုး ၏ ဘုရားခင်ကို ထောမနာသီချင်းဆိုပါမည်။
Isaiah 34:2ထာဝရဘုရား၏ အမျက်တော်သည် လူမျိုးအ ပေါင်းတို့၌ ထွက်၍၊ ပြင်းစွာသောအမျက်တော်သည် သူ တို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော် မူ၏။
Isaiah 51:22သင်၏အရှင်၊ မိမိလူတို့၏အမှုကို စောင့်တော်မူ သော သင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ကြည့်ရှုလော့။ တုန်လှုပ်စေသော ဖလား၊ ငါ့အမျက် တော်ဖလား၏ အနည်အဖတ်ကို သင်၏လက်မှ ငါရုပ်၍၊ သင်သည် နောက်တဖန်မသောက်ရ။
Jeremiah 36:2သင်သည် စာလိပ်ကိုယူပြီးလျှင်၊ ယောရှိမင်း လက်ထက်၌ သင့်အား ငါပြောသော နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အစရှိသော ခပ်သိမ်းသော တိုင်းပြည်တို့ကို ငါခြိမ်းသမျှသေ၌ စကား အတိုင်း ရေးထားလော့။
Jeremiah 46:1တပါးအမျိုးကိုရည်မှတ်၍ ပရောဖက်ယေရမိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော် တည်းဟူသော၊